ဂွဒေသက စစ်တပ် သိမ်း မြေယာတွေ ပြန်ပေးမည်

တပ်မတော်က သိမ်းဆည်းထားတဲ့ ရခိုင်ပြည်နယ် ဂွမြို့နယ် ကမ်းသာကမ်းခြေ တစ်လျှောက်က အုန်းခြံမြေတွေနဲ့ ကျိ န္တလီမြို့နယ်ခွဲ စက်ပစ်ကွင်းမှာရှိတဲ့ မြေယာတွေကို မူလပိုင်ရှင်ဖြစ်တဲ့ တောင်သူတွေလက်ထဲ မကြာခင် ပေးအပ် သွားမယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ရေးရာ လုံခြုံရေး ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း က ပြောလိုက်ပါတယ်။

လယ်ကွင်းအတွင်းမှာထိုင်နေတဲ့ လယ်သမားတစ်ဦးပုံ Photo: AFP

တပ်မတော်က သိမ်းဆည်းထားတဲ့ ရခိုင်ပြည်နယ် ဂွမြို့နယ် ကမ်းသာကမ်းခြေတစ်လျှောက်က အုန်းခြံမြေတွေနဲ့ ကျိ န္တလီမြို့နယ်ခွဲ စက်ပစ်ကွင်း မှာရှိတဲ့ မြေယာတွေကို မူလပိုင်ရှင်ဖြစ်တဲ့ တောင် သူတွေလက်ထဲ မကြာခင် ပေးအပ်သွားမယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ရေးရာ လုံခြုံရေး ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း က ပြောလိုက်ပါတယ်။

မနေ့က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်တဲ့ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းမှု စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာ နောက်ဆက်တွဲနဲ့ ပတ်သက်ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ နယ်စပ်ရေးရာ လုံခြုံရေး ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

" ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ သီးစားအကွက်စနစ်နဲ့ ထပ်မံစီစစ်ပြီးတော့ ပြန်လည်ပေးအပ် ရမယ့် မြေဧကပေါင်း ၁၅၄၈၉၂.၁၀၂ ရှိတယ်၊ ဒါကြောင့် ရခိုင်ပြည်နယ် ဂွကမ်းသာယာကမ်းခြေနဲ့ စက်ပစ်ကွင်း၊ သံတွဲစုန်တောဝင်း၊ ခလ ၅၅ တို့ကို ပြန်လည်စွန့်လွှတ်ရမယ့်နေရာ ၄ နေရာ ပေါ်ထွက် လာပါတယ်"

ဂွမြို့နယ် ကမ်းသာယာ ကမ်းခြေတစ်လျှောက်က အုန်းခြံမြေ ဧကပေါင်း ၃၀၀ ကျော်နဲ့ ကျိန္တလီမြို့နယ်ခွဲအတွင်းမှာရှိတဲ့ ပုန်းညှက်၊ သဲကုန်း၊ စေတီကွင်း၊ ခြောက်ကုန်းရွာတစ်ဝိုက်က လယ်ယာမြေဧကပေါင်း ၇၀၀ ကျော်ကို လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက တပ်မတော်က သိမ်းခဲ့တာလို့ သိရပါတယ်။

ဒီမြေယာတွေကို စီမံကိန်းအတွက်ရည်ရွယ်ပြီး သိမ်းဆည်းခဲ့တာဖြစ်ပေမယ့် လက်ရှိမှာ ဘာစီမံကိန်းမှ အကောင် အထည်ဖော်တာမရှိတာကြောင့် တောင်သူတွေလက်ထဲ ပြန်လည်ပေးအပ်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။

သက်ဆိုင်ရာတပ်မတော် တပ်ရင်းတပ်ဖွဲ့တွေ အနေနဲ့ ပြန်လည်ပေးအပ်ရမယ့် မြေယာတွေကို တောင်သူတွေ လက်ထဲ အမြန်ဆုံးရောက်ရှိအောင် ဆောင်ရွက်သွားဖို့ကိုလည်း ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက တိုက်တွန်းပြောကြားခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့  လယ်ယာမြေ နဲ့ အခြားမြေများသိမ်းဆည်းမှု စုံ စမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာမပါရှိတဲ့ မြေယာဧကပေါင်း ၅၄၀၀၀ (ငါးသောင်းလေးထောင်)ကျော်ကို ပြန်လည်ပေးအပ်ပြီး ဖြစ် သလို နောက်ထပ်မြေယာဧကပေါင်း ၁၅၀၀၀၀ (တစ်သိန်းငါးသောင်း) ကျော်ကို ဆက်လက်ပေးအပ်သွားဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org