ကာကွယ်ရေးဦးစီးချုပ်နဲ့ စာနယ်ဇင်းကောင်စီ ဒုတိယအကြိမ် တွေ့ဆုံမည်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန် မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) အဖဲ့ွဝင်တွေဟာ လာမယ့် နိုဝင်ဘာလ ၂၃ ရက်နေ့ နေပြည်တော် မှာ တေ့ွဆုံသွားမယ်လို့ သိရပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)အဖွဲ့တို့ နိုဝင်ဘာလ ၁၄ ရက်နေ့က နေပြည်တော် မှာ တွေ့ဆုံကြစဉ် Photo: Senior General Min Aung Hlaing Facebook

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖဲ့ွဝင်တွေဟာ လာမယ့် နိုဝင်ဘာလ ၂၃ ရက်နေ့ နေပြည်တော်မှာ တေ့ွဆုံသွားမယ်လို့ သိရပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အကြောင်းကြား တာဖြစ်ပြီး ဘာကြောင့်တွေ့ဆုံမယ်ဆိုတာ အသေးစိတ် မပါကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောပါတယ်။

"ကာချုပ်က တွေ့မယ်လို့ လှမ်းပြောတာပေါ့နော်၊ ဘာကြောင့် တွေ့ချင်လဲဆိုတာလည်း မပြောဘူး၊ တပ်နဲ့တွေ့လို့ရှိရင် ဒါထုံးစံပေါ့၊ မီဒီယာနဲ့ ပတ်သက် ပြီးတော့ ဆွေးနွေးကြမှာပါ၊ မီဒီယာကိစ္စ နဲ့ပဲ ပြောကြဆိုကြမှာများတယ်၊ သတင်းထုတ်ပြန်ရေး ကိစ္စ၊ သတင်းရယူရေးကိစ္စ၊ ဒါမျိုးတွေပဲ ပြောကြတာ များတယ်လေ၊ လိုအပ်တဲ့ အခါမှာ အရေးပေါ်နေ့မျိုးမှာ သတင်းစာရှင်း လင်းပွဲလုပ်တာမျိုး ဒါမျိုးတွေ လည်း ဆွေးနွေးကောင်းဆွေးနွေးမှာပါ"

ပြီးခဲ့တဲ့ အောက်တိုဘာလက ကာကွယ်ရေးဦးစီးချုပ်နဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) အဖဲ့ွဝင်တွေ ပထမဆုံး အကြိမ် တေ့ွဆုံစဉ်က တပ်မတော်ရဲ့ သတင်းအချက်အလက်တွေကို သတင်းမီဒီယာတွေရယူနိုင်ဖို့ ဆွေးနွေးညှိနှိုင်း ခဲ့ကြပါတယ်။

အဲဒီတေ့ွဆုံမှုအပြီးမှာ တပ်မတော်ဘက်က သတင်းတွေနဲ့ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူ တပ်မတော်အရာရှိ သုံးဦးကို တာဝန်ပေးအပ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org