ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စာနယ်ဇင်းကောင်စီ တွေ့ဆုံ

သတင်းမီဒီယာတွေအနေနဲ့ တပ်မတော်ရဲ့ သတင်းအချက်အလက်တွေကို အခက်အခဲမရှိ ရယူနိုင်ဖို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့ မြန်မာနိုင်ငံ စာနယ် ဇင်းကောင်စီ (ယာယီ) ကိုယ်စားလှယ်တွေ နဲ့ တွေ့ဆုံစဉ် သဘောတူခဲ့တယ်လို့ သိရပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)အဖွဲ့တို့ နိုဝင်ဘာလ ၁၄ ရက်နေ့က နေပြည်တော် မှာ တွေ့ဆုံကြစဉ် Photo: Senior General Min Aung Hlaing Facebook

သတင်းမီဒီယာတွေအနေနဲ့ တပ်မတော်ရဲ့ သတင်း အချက်အလက်တွေကို အခက်အခဲမရှိရယူနိုင်ဖို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံစဉ် သဘောတူခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ နေပြည်တော် ဇေယျာသီရိခန်းမဆောင်မှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီတို့ ပထမဆုံး အကြိမ် တွေ့ဆုံရာမှာ အခုလို သဘောတူညီမှုရခဲ့ တာဖြစ်တယ်လို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ အဖွဲ့ဝင် ဦးဇော်သက်ထွေးက ပြောပါတယ်။

"တပ်မတော်ကနေပြီးတော့မှ သတင်းတွေကို ရယူတဲ့အခါမှာ မီဒီယာတွေအနေနဲ့ အခက်အခဲ ရှိတဲ့အပေါ်မှာ တပ်မတော်ဘက်က နည်းလမ်း တစ်ရပ်နဲ့ စီစဉ်ဆောင်ရွက်ပေးဖို့ကိစ္စတွေ ကို ဆွေးနွေးနိုင်ခဲ့တယ်၊ နောက်ပြီးတော့ မီဒီယာသမားတွေ တပ်မတော်သတင်းတွေကို ရယူတဲ့အခါမှာ လုံခြုံဘေးကင်းစေရေးအတွက်ကို နှစ်ဦးနှစ်ဖက် နားလည်မှုရှိတဲ့ လိုက်နာရမယ့်ဟာကို ထူထောင်ပြီးမှ သတင်းစီးဆင်းမှု တည်ဆောက်ဖို့ကိုလည်း ဆွေးနွေး နိုင်ခဲ့တယ်၊ နောက်ပြီးတော့ တပ်မတော်က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ရေးလမ်းကြောင်းမှာရော သတင်းလွတ်လပ်ခွင့်အပေါ်မှာရော တပ်မတော်အနေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ ဒီအပေါ်မှာ အာမခံတယ်၊ ကတိကဝတ်ပြုတယ်ဆိုတဲ့ ကတိစကားတွေရခဲ့ပါတယ်"

တပ်မတော်အနေနဲ့ သတင်းလွတ်လပ်ခွင့်ရှိဖို့အတွက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြောင်းနဲ့ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်မှာလည်း တပ်မတော်အနေနဲ့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီအဖွဲ့ဝင် ဦးဇော်သက်ထွေးကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org