တပ်နဲ့ KNU တပ်မဟာ ၅ တို့ ဒီနေ့ မနက်ပိုင်းအထိ တိုက်ပွဲဖြစ်

ကရင်ပြည်နယ် ဖာပွန်မြို့နယ် ဝဲကြီးနဲ့ ကန်ညီနောင်ကျေးရွာတဝိုက်မှာ KNU တပ်မဟာ ၅ နဲ့ အစိုးရတပ်တို့ ဒီနေ့မနက်ပိုင်းအထိ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

KNU တပ်မဟာ ၅ က စစ်သားတစ်ဦးကို တွေ့ရစဉ် Photo: Kyaw Lwin Oo/RFA

ကရင်ပြည်နယ် ဖာပွန်မြို့နယ် ဝဲကြီးနဲ့ ကန်ညီနောင်ကျေးရွာတဝိုက်မှာ KNU တပ်မဟာ ၅ နဲ့ အစိုးရတပ်တို့ ဒီနေ့မနက်ပိုင်းအထိ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး KNU တပ်မဟာ ၅ ဆက်ဆက်ရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး စောအယ်ဒိုက အခုလို ပြောပါတယ်။

"မနေ့တုန်းက ထိတွေမှုရှိတယ်၊ ဒီမနက်လည်း ထိတွေမှုရှိတယ်၊ ကန်ညီနောင် ဝဲကြီးမှာ စစ်တပ်နဲ့ မနေ့က တုန်းက ထိခိုက်မှုတော့ရှိမယ်၊ ကျနော်တို့ဘက်မှာတော့ မရှိဘူး၊ ရှိတာတော့ တပ်မတော်ဘက်က ဒီနေ့ကတော့ ပစ်တုန်းပဲ၊ ပစ်တုန်းဆိုတော့ အတိအကျ မသိရသေးဘူး"

ပြီးခဲ့တဲ့ ရက်ပိုင်းက KNU တပ်မဟာ ၅ နယ်မြေထဲက ကန်ညီနောင်ကျေးရွာ ဝန်းကျင်မှာ ဝင်ရောက်နေတဲ့  ဒီမိုကရေ စီအကျိုးပြု ကရင့်တပ်မတော် DKBA ခွဲထွက်အဖွဲ့နဲ့ KNU တို့ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။

အဲဒီနေရာအနီးမှာ တပ်မတော် စစ်ကြောင်းတစ်ကြောင်းဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ ရက်နေ့ကစပြီး ဝင်ရောက်နေ တာကြောင့် KNU က သတိပေးပစ်ခတ်တာတွေ ပြုလုပ်ခဲ့ပေမယ့် အစိုးရတပ်က ပြန်လည်ထွက်ခွာသွားတာ မရှိသေးပါဘူး။

ဒီတိုက်ပွဲတွေကြောင့် ကန်ညီနောင်ကျေးရွာက ရွာသား ၄၀၀ ကျော်လည်းဟာ မြိုင်ကြီးငူကို ထွက်ပြေးတိမ်းရှောင်နေ ရပါတယ်။

တပ်မ ၄၄ လက်အောက်ခံ တပ်တွေဟာ KNU ထိန်းချုပ်ရာနယ်မြေထဲမှာ လှုပ်ရှားနေတာကြောင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကို KNU က မနေ့က ကန့်ကွက်စာပေးပို့ထားပါတယ်။

အစိုးရတပ်က တာဝန်ရှိသူတွေနဲ့ KNU တပ်မဟာ ၅ က တာဝန်ရှိသူတွေ ဒီနေညနေပိုင်းမှာ တွေဆုံဆွေးနွေးနေတယ်လို့ သိရပါတယ်။

KNU အဖွဲ့ဟာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ထိုးထားတဲ့အဖွဲ့ဖြစ်ပေမယ့် KNU လက်အောက်ခံ တပ်တချို့နဲ့ တပ်မတော်တို့အကြား မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org