လက်နက်ကိုင်အဖွဲ့များ ညီလာခံ ဇွန်လ ၂ ရက်နေ့ စတင်မည်
တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်တွေရဲ့ ထိပ်သီးညီလာခံ ကို ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ် နယ်မြေ လော်ခီးလာမှာ လာမဲ့ ဇွန်လ ၂ ရက်နေ့မှာ စတင် ကျင်းပမှာ ဖြစ်ကြောင်း သိရပါတယ်။
-
2015-05-20 -
-
-
Your browser doesn’t support HTML5 audio
တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေရဲ့ ထိပ်သီး ညီလာခံကို ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ် နယ်မြေ လော်ခီးလာမှာ လာမဲ့ ဇွန်လ ၂ ရက်နေ့မှာ စတင်ကျင်းပမှာ ဖြစ်ကြောင်း သိရပါတယ်။
ဒီညီလာခံကို ငါးရက်ကြာကျင်းပမှာဖြစ်ပြီး အပစ်ရပ် စာချုပ်မူကြမ်းအပေါ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေရဲ့ အတည်ပြုချက်ကို ရယူသွား မှာဖြစ်တယ်လို့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုအဖွဲ့ NCCT ဒုတိယ ဥက္ကဌ ပဒိုကွယ်ထူးဝင်း က ပြောပါတယ်။
"ကျနော်တို့ ဇွန်လ ၂ ရက်နေ့ကနေ ၆ ရက်နေ့ထိ ကျင်းပဖို့အတွက် သတ်မှတ်ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးကိုတော့ ဖိတ်စာပို့လိုက်ပြီ၊ အဓိကဆွေးနွေးမှာ အချက် ၂ ချက်ပဲ၊ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ်ရရှိဖို့အတွက်၊ နောက်တစ်ခုက တကယ်လို့ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်းမှာ နိုင်ငံရေးဆွေးနွေးမှု မူကြမ်းကိုလည်း ကျနော်တို့ပြန်လည်တင်ပြပြီး၊ အဓိက အချက် ၂ ချက်ပဲဖစ်ပါတယ်၊ ဒါသူတို့ဆုံးဖြတ်သွားမှာပါ"
ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီးယား အပါအဝင် သံတမန် တချို့ကိုလည်း ဖိတ်ကြားထားကြောင်း ၊ ပြည် တွင်းပြည်ပ သတင်းမီဒီယာတွေကိုလဲ ဖိတ်ကြားမှာဖြစ်ကြောင်း သိရပါတယ်။
လော်ခီးလာညီလာခံမတိုင်မီ တစ်နိုင်ငံလုံးအပစ်ရပ်ရေးညှိနှိုင်းမှုအဖွဲ့ NCCT က အဖွဲ့ဝင်တွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှာ လာမယ့် မေလ ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့ အထိ အကြိုညှိနှိုင်းဆွေးနွေးကြမယ်လို့လဲ သိရပါတယ်။
ဒီဆွေးနွေးပွဲတွေကနေ ရလာနိုင်မယ့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်မှု အလား အလာတွေကို NCCT အဖွဲ့က ဗိုလ်မှုးကြီးခွန်ဥက္ကာကို ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။