မြန်မာဘက်က တိဘက်ကို လက်နက်မှောင်ခို တင်သွင်းသူ တရုတ် ဖမ်းဆီး

တရုတ်နိုင်ငံ တိဘက်ဒေသကို မြန်မာနိုင်ငံဘက်ကနေ လက်နက် ခိုးသွင်းသူ ၁၇ ဦးကို တရုတ် အာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ တရုတ်အစိုးရပိုင် ဆင်ဝါသတင်းဌာနက ဖေါ်ပြပါတယ်။

မူဆယ်မြို့အနီး တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်တွင် စိုက်ထူထားသည့် သတိပေးဆိုင်းဘုတ်။ (Photo: AFP) AFP

ဆင်ဝါသတင်းဌာန အဆိုအရ လက်နက်ခိုးသွင်းသူတွေဟာ မြန်မာနယ်စပ် တလျှောက်မှာ ရှိတဲ့ အစိုးရကို ဆန့်ကျင်သူတွေနဲ့ မူးယစ်ဆေးဝါး ရာဇာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖမ်းဆီးလိုက်သူ ၁၇ ဦးဟာ မြန်မာနဲ့ နယ်ချင်း စပ်နေတဲ့ ယူနန်ပြည်နယ်က ဖြစ်ပြီး သူတို့ ဟာ တိဘက်ပြည်နယ် ဆီချောင်းကို လက်နက် သယ်ယူသူတွေရှိတယ်လို့ ဆိုပါတယ်။

ဖမ်းထားသူတွေနဲ့ ပတ်သက်ပြီး တိတိကျကျဖေါ်ပြတာ မရှိပေမယ့် သူတို့ ဟာ မြန်မာနိုင်ငံဘက်က လက်နက်တွေကို ၂၀၀၉ ခုနှစ်လောက်ကတည်းက တိဘက်ကို သွင်းနေကြောင်း ဝန်ခံတယ်လို့ ဆိုပါတယ်။

ဖမ်းမိတဲ့ လက်နက်ပစ္စည်းတွေထဲမှာ ပစ္စတိုသေနတ် ၈ လက်၊ ရိုင်ဖယ် ၁ လက်နဲ့ ကျည် ၂၆၇ တောင့် ဖြစ်ပါတယ်။ ဒီအတောအတွင်း မြန်မာနိုင်ငံအတွင်း အစိုးရတပ်တွေနဲ့ ကချင် KIO အဖွဲ့တွေ တိုက်ပွဲ ဖြစ်နေတဲ့ ဒေသအနီး နယ်စပ်မှာ တရုတ်စစ်တပ်တွေ တိုးပြီး ချထားတယ်လို့ ဒေသခံတွေ အဆိုအရ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org