ဒေါက်တာအေးမောင်ကို ဆန္ဒပြဖို့ ခွင့်ပြုချက် လျှောက်ထား

လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ကနေ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ရခိုင် အမျိုးသားပါတီ ANP ဥက္ကဌ ဒေါက်တာ အေးမောင် ကို ဒေသခံပါတီဝင်တွေက မကျေနပ်တာကြောင့် လာမယ့် ဇွန်လ ၁၇ ရက်နေ့မှာ ဆန္ဒပြဖို့ ဒီနေ့ ခွင့်ပြုချက် တင်လိုက် ပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ပုံ Photo: Myo thant Khaing/RFA

လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်ကနေ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ရခိုင်အမျိုးသားပါတီ ANP ဥက္ကဌ ဒေါက်တာ အေးမောင်ကို ဒေသခံ ပါတီဝင်တွေက မကျေနပ်တာကြောင့် လာမယ့် ဇွန်လ ၁၇ ရက်နေ့မှာ ဆန္ဒပြဖို့ ဒီနေ့ ခွင့်ပြုချက် တင်လိုက်ပါတယ်။

ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းကို မြို့ခံတွေထဲက လူတွေကိုသာ ဝင်ရောက်ယှဉ်ပြိုင်စေလိုတာကြောင့် ဆန္ဒပြမှာဖြစ်တယ်လို့ ဒေါက်တာအေးမောင်ကို ရှုံးနိမ့်သွားခဲ့တဲ့ မာန်အောင်မြို့နယ် ရခိုင်အမျိုးသားပါတီ ANP ဗဟိုကော်မတီဝင် ဦးတင်ရွှေက ပြောပါတယ်။

"ကျနော်တို့ ၁၇ ရက်နေ့ပြဖို့အတွက် တင်လိုက်တယ်၊ စီစဉ်လိုက်တော့ လွှတ်တော်က ဒေါက်တာ အေးမောင်က ဝင်ပြီးရင် သူကလုပ်တယ်လေ၊ အဲ့ဒီဟာကို ပြည်သူတွေကလည်း ပါတီဝင်တွေကလည်း မကျေနပ်ဘူးပေါ့နော် ၊ ဒေသခံရှိရဲ့သားနဲ့ ဒေသခံမဟုတ်ဘဲနဲ့ တစ်ဘက်မြို့နယ်က လာပြီးရင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် လုပ်တဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ ပြည်သူကမကျေနပ်လို့ တင်တာပါ"

မာန်အောင်မြို့နယ်မှာ ANP ပါတီတွင်း ရွေးကောက်ပွဲကို ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး အမှတ် ၂ မဲဆန္ဒနယ်အတွက် ဒေါက်တာအေးမောင်နဲ့ ဗဟိုကော်မတီဝင် ဦးတင်ရွှေတို့ ဝင်ရောက်ရွေးချယ်ခံရာ မှာ ဒေါက်တာအေးမောင်က အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ပါတီတွင်း ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ဦးတင်ရွှေ ဦးဆောင်ပြီး မြို့ပေါ်မှာရှိတဲ့ ရခိုင်အမျိုးသား ပါတီဝင်တွေအပြင် ကျီးညို၊ မင်းပြင်၊ ပုံးဆိုးကြီးစတဲ့ ကျေးရွာတွေက ဒေသခံ၂ဝဝ လောက် ပါဝင်မယ်လို့လည်း သိရပါတယ်။

အဲ့ဒီလို ကန့်ကွက်မှုနဲ့ပတ်သက်ပြီး ဒေါက်တာအေးမောင်ရဲ့ သဘောထားကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာတော့ သူ့အပေါ်ကန့်ကွက်သူနဲ့ ထောက်ခံသူတွေ ဒွန်တွဲရှိနေနိုင်တာကြောင့် ဒီကိစ္စအပေါ် အထူးတလည်ဖြေရှင်းမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဒေါက်တာအေးမောင်ဟာ ရသေ့တောင်မြို့ဇာတိဖြစ်ပြီး လက်ရှိစစ်တွေမြို့မှာ နေထိုင်နေသူဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် မဲဆန္ဒနယ် (၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်ခံထားရသူဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org