ဗိုလ်ချုပ်ကြီးတွေကို အရေးယူရေး ကုလအတွင်းရေးမှူးချုပ် ပြော

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres အန်တိုနီယို ဂွတ်တားရက်ဇ် က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြခဲ့တဲ့ မြန်မာ တပ်ဖွဲ့တွေရဲ့ အစုအပြုံလိုက် သတ်ဖြတ်မှုတွေ၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုတွေနဲ့ အဲဒီလို လုပ်ဆောင် ခဲ့မှုတွေအတွက် တာဝန်ရှိတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တခြား ဗိုလ်ချုပ်ကြီး ၅ ဦး ကို စွဲချက်တင်စစ်ဆေးရန် အကြံပေးချက်တွေကို အဖွဲဝင်နိုင်ငံတွေ လေးလေးနက်နက် စဉ်းစားကြဖို့ လုံခြုံရေးကောင်စီမှာ မနေ့က ပြောကြား လိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres .

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres အန်တိုနီယို ဂွတ်တားရက်ဇ် က ကုလသမဂ္ဂ လူ့အခွင့် အရေးကောင်စီ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြခဲ့တဲ့ မြန်မာတပ်ဖွဲ့တွေရဲ့ အစုအပြုံလိုက် သတ်ဖြတ်မှုတွေ၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုတွေနဲ့ အဲဒီလို လုပ်ဆောင်ခဲ့မှုတွေအတွက် တာဝန်ရှိတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တခြား ဗိုလ်ချုပ်ကြီး ၅ ဦး ကို စွဲချက်တင်စစ်ဆေးရန် အကြံပေးချက်တွေကို အဖွဲဝင်နိုင် ငံတွေ လေးလေးနက်နက် စဉ်းစားကြဖို့ လုံခြုံရေးကောင်စီမှာ မနေ့က ပြောကြားလိုက်ပါတယ်။

အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ ၂၇ ရက်နေ့ ထုတ်ပြန်ချက်မှာ မြန်မာတပ်ဖွဲ့တွေဟာ ရိုဟင်ဂျာတွေကို “Genocidal intent” လူမျိုးတုံး သတ်ဖြတ်ရန် ရည်ရွယ်ချက်ရှိရှိ ဆုံးဖြတ်လုပ်ဆောင်ခဲ့တယ်လို့ ဖေါ်ပြထားပေမယ့် ကုလ အတွင်းရေးမှူးချုပ်က အဲဒီ စကားလုံးကို ရှောင်ကွင်းပြီး အစီရင်ခံစာမှာ ပါဝင်တဲ့အတိုင်း မြန်မာတပ်ဖွဲ့တွေရဲ့ လူအခွင့်အရေးချိုးဖေါက်မှု လက္ခဏာတွေဟာ နိုင်ငံတကာ ဥပဒေတွေအရ အင်မတန်ကြီးမားတဲ့ ရာဇဝတ်မှုတွေကို ကျယ်ကျယ်ပျံ့ပျံ့ ကျူးလွန်ခဲ့ကြောင်း ထင်ရှားတယ်ဆိုတဲ့အချက်ကို အလေးအနက်ထား စဉ်းစားသင့်ကြောင်း နဲ့ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးပေါင်းစုံ အမှန်တကယ် ပြန်လည်သင့်မြတ်ရေးအတွက် တာဝန်ခံမှု အပြည့်အဝရှိဖို့ မလွဲမသွေ လိုအပ်ကြောင်း ပြောကြားပါတယ်။

တဆက်တည်းမှာပဲ ဂွတ်တားရက်ဇ် က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထွက်ပြေးရောက်ရှိနေသူတွေ နေရပ်ကို ဂုဏ်သိက္ခာ ရှိစွာနဲ့ နိုင်ငံတကာ သတ်မှတ်ချက်တွေနဲ့အညီ အလျှင်အမြန် ပြန်လည်သွားရောက်နိုင်ဖို့ အရေးကြီးကြောင်းနဲ့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကုလအဖွဲ့အစည်းတွေ ရခိုင်ပြည်နယ်မြောက်ပိုင်းကို လိုအပ်သလို လွတ်လပ်စွာ သွားလာခွင့်ရရှိဖို့အတွက် လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ သူနဲ့ပူးပေါင်းပြီး မြန်မာအစိုးရကို တိုက်တွန်းပေးဖို့လည်း မေတ္တာရပ်ခံသွားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org