ANC အပစ်ရပ်လက်မှတ်ရေးထိုးပွဲမှာ ပါဝင်မှာမဟုတ်ကြောင်း ထုတ်ပြန်

ရခိုင်ပြည်အမျိုးသားကောင်စီက မနက်ဖြန်ကျင်းပမယ့် NCA လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို တက်ရောက် မှာ မဟုတ်ကြောင်း ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ရခိုင်အမျိုးသားကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ အထွေထွေအတွင်းရေးမှူး ဦးထွန်းဇော် ကို တွေ့ရစဉ် Photo: Aung Thain Kha/ RFA

ရခိုင်ပြည်အမျိုးသားကောင်စီက မနက်ဖြန်ကျင်းပမယ့် NCA လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို တက်ရောက် မှာ မဟုတ်ကြောင်း ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

တန်းတူရေးနဲ့ အားလုံးပါဝင်နိုင်တဲ့ အခင်းအကျင်းမရှိတာကြောင့် လက်မှတ်ရေးထိုးပွဲမှာ ပါဝင်နိုင်ခြင်းမရှိတာလို့ ရခိုင်အမျိုးသားကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ အထွေထွေအတွင်းရေးမှူး ဦးထွန်းဇော် က ပြောပါတယ်။

"အဓိကအကြောင်းရင်းကတော့ တန်းတူရေးနဲ့ အားလုံးပါဝင်နိုင်တဲ့ အခင်းအကျင်းမရှိလို့ပဲဖြစ်ပါတယ်၊ အဲဒါကြောင့် မနက်ဖြန်ပြုလုပ်မယ့် NCA လက်မှတ်ရေးထိုးပွဲ အခမ်းအနားမှာ ပါဝင်တက်ရောက်နိုင်ခြင်း မရှိတော့တဲ့အကြောင်းကို အများပြည်သူနဲ့ မဟာမိတ်တွေ သိရှိနိုင်ဖို့ ထုတ်ပြန်ခြင်းဖြစပါတယ်"

ကရင်နီ အမျိုးသားတိုးတက်ရေးပါတီရဲ့ အတွင်းရေးမှူး ၂ ခူးဒယ်နီယယ်က KNPP အနေနဲ့ NCA မှာ လက်မှတ်မရေးထိုးရတဲ့ အဓိကအကြောင်းအရာထဲမှာ တပ်ဖွဲ့ဝင်၃ ဦးနဲ့ ဒေသခံ ၁ ဦးအသတ်ခံရမှု အမှုမှန်မပေါ်သေးတဲ့အကြောင်း ပါဝင်တယ်လို့ ပြောပါတယ်။

"အကြောင်းအချက်တွေကတော့ အများကြီးပဲ၊ အဓိကကတော့ ဒီဇင်ဘာ ၂၀ ရက်နေ့တုန်းက ဖြစ်ပြီးသွားတဲ့ ကိစ္စတစ်ခုဖြစ်မယ်၊ ဒုတိယအရေးကြီးတာကတော့ KNPP ဆွေးနွေးထားတဲ့အချက်တစ်ချက်ရှိတယ်၊ အဲဒီဟာကလည်း သဘောထားမကျသေးဘူး၊ အဓိကကတော့ ဒီနှစ်ချက်ပဲ"

UNFC အဖွဲ့ဝင်တွေထဲက မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးပြီဆိုရင် ရခိုင်အမျိုးသားကောင်စီ ANC၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ UNFC မှာ ကျန်ရှိနေမှာ ဖြစ်ပါတယ်။

UNFC က မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်ပါတီတို့ လက်မှတ်ရေးထိုးပွဲပြီးမှ UNFC ရဲ့ ဒုတိယအကြိမ် ပုံမှန်ကောင်စီအစည်းအဝေးကို ဆက်လက်ကျင်းပသွားမယ်လို့ ဒီနေ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org