သမ္မတ အနေနဲ့နောက်ထပ် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ဖို့ရှိ

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားရဲ့ အခုတစ်ကြိမ် အစီရင်ခံစာဟာ အရင်ကထက် ပိုပြီး အပြုသဘော ဆောင်လာတယ်လို့ မြန်မာ အစိုးရ ကိုယ်စားလှယ်က မနေ့က ကုလသမဂ္ဂမှာ ပြောဆိုလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ရှိ ကမႝာ့ ကုလသမဂ္ဂ ဌာနချုပ် အဆောက်အအုံ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေဟာ ခေတ်သစ်ကို ရောက်နေပြီလို့ မြန်မာ ကိုယ်စားလှယ်က ဆိုပါတယ်။

ကျင်းပနေတဲ့ ပြည်ထောင်စု လွှတ်တော်ကနေ ခေတ်မမီတော့တဲ့ ဥပဒေတွေကို ပြောင်းလဲ ပြင်ဆင်နိုင်ခဲ့တယ်လို့လည်း ပြောသွားပါတယ်။

ဒါ့အပြင် နိုင်ငံတော် သမ္မတ အနေနဲ့ လွတ်ငြိမ်း ချမ်းသာခွင့်ကို ခြောက်လ အတွင်း နှစ်ကြိမ်ပေးနိုင်ခဲ့တယ်လို့လည်း ပြောဆိုပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဌာန်းချက် အရ နောက်ထပ်လည်း လွတ်ငြိမ်း ချမ်းသာခွင့် ထုတ်ပြန်ဖို့ ရှိတယ်၊ သမ္မတမှာ လုပ်ပိုင်ခွင့် ရှိတယ်လို့ မြန်မာ ကိုယ်စားလှယ်က ပြောသွားပါတယ်။

ဒါ့အပြင် မြန်မာ နိုင်ငံက ပြောင်းလဲနေတဲ့ အခြေအနေတွေ အပေါ် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ အကောင်းမြင်ဖို့ မြန်မာ ကိုယ်စားလှယ်က တိုက်တွန်းသွားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org