အမေရိကန်လွှတ်တော်အရာရှိ HIV/AIDS ဂေဟာကို ကြည့်ရှု
အမေရိကန် အထက်လွှတ်တော် ဘဏ္ဍာငွေ ခွဲဝေ သတ်မှတ်ရေးဆိုင်ရာ ကော်မတီက အရာရှိ Mr. Paul Grove ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တည်ထောင်ထားတဲ့ တောင်ဒဂုံ အေအိုင်ဒီအက်စ် ရောဂါဝေဒနာသည်များ စောင့်ရှောက်ရေး ဂေဟာကို ဒီကနေ့ ဇန်နဝါရီ ၁၁ ရက် မနက်ပိုင်းမှာပဲ သွားရောက် လည်ပတ်ခဲ့ပါတယ်။
-
2011-01-11 -
-
-
Your browser doesn’t support HTML5 audio
“အဓိက သူပြောသွားတာတော့ ကျွန်မတို့ ဒီ ပြီးခဲ့တဲ့ လပိုင်းက ဖြစ်ခဲ့တဲ့၊ အန်တီ လာပြီးတော့ ဒီ လူနာအိမ်တွေ အပိတ်ခံရတဲ့ အခြေအနေ သူမေးတယ်၊ သူတို့ သိချင်တာလေးတွေပေါ့နော်။ ဒီမှာက အခက်အခဲတွေ အများကြီး ရှိနေတယ်လေ။ အဲဒီတော့ သူတို့ သိသွားတယ်။ သူတို့ သိချင်တာလေးတွေက ဒီမှာ ဘယ်လို လုပ်ကိုင် ဆောင်ရွက်နေသလဲ၊ ဘာတွေ လုပ်ပေးနေသလဲပေါ့နော်။ အဲဒါလေးတွေကို မေးခွန်းမေးသွားတာပါ။”
Mr. Paul Grove ဟာ လူနာတွေနဲ့ ဂေဟာကို ကြည့်ရှု လေ့လာခဲ့သလို၊ မဖြူဖြူသင်းတို့ လက်ရှိ လုပ်ဆောင်နေတဲ့ အခြေအနေတွေကို မေးမြန်းခဲ့ပါတယ်။ ဒါ့အပြင် ရှေ့ဆက် လုပ်ဆောင်မဲ့ အခြေအနေတွေကိုလည်း မေးမြန်းသွားတယ်လို့ သိရပါတယ်။
Mr. Paul Grove ဟာ လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်အတွင်းကလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ ပထမအကြိမ် လာရောက် တွေ့ဆုံခဲ့ဖူးပြီး ဒီတကြိမ်မှာတော့ အေအိုင်ဒီအက် စောင့်ရှောက်ရေး လုပ်ငန်းတွေကိုပါ လာရောက် လေ့လာခဲ့တာ ဖြစ်ပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး အေအိုင်ဒီအက် ရောဂါသည်များ စောင့်ရှောက်ရေး လုပ်ငန်းတွေကို ဦးဆောင် လုပ်ကိုင်နေတဲ့ မဖြူဖြူသင်းကို RFA မှ ဦးဇော်မိုးကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက် |
|
အသံဖိုင်ယူရန် |