AMDP ပါတီအမည် မပြောင်းဘဲ ရွေးကောက်ပွဲဝင်မည်

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP က ၂၀၁၅ ရွေးကောက်ပွဲမှာ ပါတီအမည်မပြောင်းဘဲ ရွေးကောက်ပွဲ ဝင်ရောက်မယ်လို့ မနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မွန်ပါတီနှစ်ပါတီ ပေါင်းစည်းနိုင်ဖို့အတွက် မော်လမြိုင် မြို့ ဈေးကြို ရပ်ကွက်မှာရှိတဲ့ ဓါတုမာလာ ဘုန်းတော် ကြီးကျောင်းမှာ နိုဝင်ဘာ လ ၂၂ ရက်နေ့က ပါတီနှစ်ခုရဲ့ ထိပ်တန်းခေါင်းဆောင်တွေ ဆွေးနွေးစဉ်

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP က ၂၀၁၅ ရွေးကောက်ပွဲမှာ ပါတီအမည် မပြောင်းဘဲ ရွေးကောက်ပွဲ ဝင်ရောက်မယ်လို့ မနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက်မှာရှိတဲ့ မွန်ဒေသလုံးဆိုင်ရာပါတီ ပါတီရုံးချုပ်မှာပြုလုပ်တဲ့ ဗဟိုကော်မတီ အစည်းအဝေးမှာ ထုတ်ပြန်ခဲ့တာဖြစ် ပါတယ်။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုးက ကြေညာချက်ထုတ်ပြန်တာနဲ့ ပတ်သက်ပြီး RFA ကို အခုလို ပြောပါတယ်။

"မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို ဖျက်သိမ်းမည် မဟုတ်ဘဲ လက်ရှိပါတီရဲ့ အမည်အတိုင်း ၂ဝ၁၅ ရွေးကောက်ပွဲ ပြီးဆုံးသည်အထိ ပါတီရဲ့ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းနဲ့အညီ ဆက်လက်ရပ်တည်သွားမည်၊ ပါတီပေါင်းစည်းရေးကို ယုံကြည်တဲ့ ကျနော်တို့ပါတီကနေထွက်ပြီးတော့ မည်သူမဆို သွားရောက်ပူးပေါင်းနိုင်တယ်ဆိုတာ ကျနော်တို့ ဒီနေ့အစည်းအဝေးမှာ ဆုံးဖြတ်ချက်ချထားတယ်"

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ မွန်ဒီမိုကရေစီပါတီတို့ဟာ နှစ်ပါတီ ပူးပေါင်းနိုင်ဖို့အတွက် ကြိုးပမ်းခဲ့ရာမှာ မွန်အမျိုးသားပါတီအမည်နဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့က ပူးပေါင်းဖို့ သဘောတူခဲ့တာလည်း ရှိပါတယ်။ အဲဒီအပေါ် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ခေါင်းဆောင်တချို့က သဘောမတူဘဲ မူလပါတီအမည်နဲ့ ရပ်တည်သွားဖို့ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org