မြန်မာ့ဒီမိုကရေစီရေး အားပေးဖို့ အိန္ဒိယအစိုးရကို အမာတီယာဆန် တိုက်တွန်း

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ပြန်လည် ထွန်းကားရေးမှာ အိန္ဒိယအစိုးရက နှုတ်ဆိတ် နေတာကို အိန္ဒိယအမျိုးသား စီးပွားရေးနိုဘဲဆုရှင် အမာတီယာဆန်က ဒီကနေ့ ဝေဖန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေကို အားပေးစကား ပြောဆိုမှု မရှိတဲ့အပေါ် အမေရိကန် သမ္မတအိုဘားမားက အိန္ဒိယအစိုးရကို ဝေဖန်တာကိုလည်း ထောက်ခံလိုက်ပါတယ်။

CNN-IBN အိန္ဒိယ ရုပ်မြင်သံကြားဌာန တွေ့ဆုံမေးမြန်းခန်းတွင် တွေ့ရသည့် အိန္ဒိယ စီးပွားရေးနိုဘဲဆုရှင် အမာတီယာဆန်။ (Screenshot) (Screenshot)

အိန္ဒိယအစိုးရ အနေနဲ့ မြန်မာ့ ဒီမိုကရေစီရေး ပေါ်ပေါ်တင်တင် ပြောဆိုသင့်သလို အိန္ဒိယဘက်က လက်တွေ့ ဆောင်ရွက်ဖို့ သင့်ကြောင်း၊ အမေရိကန်နိုင်ငံဟာ ဒီကိစ္စ နိုးကြားလာသလို အိန္ဒိယ အနေနဲ့လည်း အလားတူ ဆောင်ရွက်လာတာ မြင်လိုကြောင်း၊ နှစ်နိုင်ငံလုံးက အပြောရော လက်တွေ့ပါ လုပ်ဆောင်တာကို မြင်လိုကြောင်း အမာတီယာဆန်က ပြောပါတယ်။

ဒီကနေ့ ထုတ်လွှင့်ခဲ့တဲ့ CNN-IBN ရုပ်သံအစီအစဉ်က Karan Tharper ရဲ့ Devil’s Advocate တွေ့ဆုံမေးမြန်းခန်း အစီအစဉ်မှာ အမာတီယာဆန်က အခုလို ပြောလိုက်တာဖြစ်ပြီး အိန္ဒိယဝန်ကြီးချုပ်ရဲ့ ဒီမိုကရေစီ အစိုးရဟာ မြန်မာပြည်က သားသတ်သမား အစိုးရကို ကြိုဆိုနေတာကို မြင်ရတော့ စိတ်မချမ်းမြေ့ ဖြစ်မိကြောင်းလည်း ပြောကြားခဲ့ပါတယ်။

မြန်မာပြည်က အာဏာရှင်တွေဟာ တနေ့မှာ ကျဆုံး ပျောက်ကွယ်ရမှာဖြစ်ပြီး အိန္ဒိယနဲ့ တရုတ်အစိုးရရဲ့ နှုတ်ဆိတ်မှုတွေကတော့ သမိုင်းမှာ ကာလတာရှည် ကျန်ရစ်မှာ ဖြစ်တယ်လို့လည်း အသက် ၇၇ နှစ် ရှိပြီဖြစ်တဲ့ ၁၉၉၈ နိုဘဲဆုရှင် အမာတီယာဆန်က ဝေဖန်လိုက်ပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေး လူမှုရေး ပြဿနာတွေ ဖြေရှင်းရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက လုပ်ဆောင်ပေးနိုင်တဲ့ အချက် ၁၀ ချက် ရှိတယ်လို့ ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့က ထိုင်းနိုင်ငံမှာ ထုတ်ဝေတဲ့ The Nation သတင်းစာမှာ အမာတီယာဆန်က ဆောင်းပါး တပုဒ်ရေးသားခဲ့ပါတယ်။

ဒီအကြောင်း RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက စုစည်း တင်ပြထားပါတယ်။

စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org