အပစ်ရပ်တဲ့ထဲမှာ ရခိုင်ပြည်နယ် မပါဝင်တာကို ALP စိုးရိမ်

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးအတွက် တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မြေ (ရခိုင်ပြည်နယ်) မပါဝင်တဲ့အပေါ် စိုးရိမ်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

၂၀၁၈၊ ဒီဇင်ဘာ ၂၂ ရက်နေ့ ထုတ်ပြန်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ထုတ်ပြန်ချက်ကို တွေ့ရစဉ် .

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးအတွက် တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မြေ (ရခိုင်ပြည်နယ်) မပါဝင်တဲ့အပေါ် စိုးရိမ်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မနေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်အနေနဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေနဲ့ တြိဂံတိုင်း စစ်ဌာနချုပ်နယ်မြေတွေမှာ စစ်ရေးလှုပ်ရှားမှုတွေကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ကနေ ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ ရပ်ဆိုင်းထားမှာဖြစ်ကြောင်း ကြေညာခဲ့ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေကတော့ မပါဝင်ခဲ့ပါဘူး။

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ဆောင်ရွက်မှသာ ငြိမ်းချမ်းရေးကို ပိုမိုလျှင်မြန်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်ပြီး NCA မှာပါဝင်တဲ့ ပြဋ္ဌာန်းချက်တွေကို အကောင်အထည်ဖော်ရွက်နိုင်ဖို့ မျှော်လင့်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကတော့ တပ်မတော်က အပစ်ရပ်ထားဖို့ ကြေညာတဲ့ထဲမှာ AA နဲ့ တိုက်ပွဲဖြစ်ပွားတဲ့ နယ်မြေမပါဝင်တာဟာ အဲ့ဒီနယ်မြေမှာ ARSA လို အဖွဲ့တွေ ရှိနေတာကြောင့် ဖြစ်ကြောင်း နေပြည်တော်မှာ မနေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖြေကြားထားပါတယ်။

တပ်မတော်အနေနဲ့ စစ်ရေးလှုပ်ရှားမှု ရပ်စဲတဲ့ နယ်မြေထဲမှာ ရခိုင်ပြည်နယ်မပါဝင်ပေမယ့် AA ရက္ခိုင့်တပ်မတော်နဲ့တော့ ဆွေးနွေးသွားမယ်လို့ ပြောထားပေမယ့် ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ AA ရက္ခိုင့့််တပ်မတော်တို့ ဒီရက်ပိုင်းအတွင်း နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံစစ်ပြေးဒုက္ခ သည်တွေလည်း တိုးပွားလာနေပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org