သရုပ်ဆောင်ခိုင်သင်းကြည်ရဲ့ ခင်ပွန်းဖမ်းဆီးခံရ
ဧည့်စာရင်းစစ်မယ်လို့အကြောင်းပြပြီး စစ်ကောင်စီတပ်သားတွေ နေအိမ်ထဲဝင်ဖမ်းတာကို မစံထိပ်ထားဦးက သူ့ရဲ့ လူမှုကွန်ရက်ကနေ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။ အဲဒီနောက် "ဖေဖေ့ကိုခေါ်သွားပါပြီ" လို့ ထပ်မံရေးထားပါတယ်။
- 2022-04-27
-
-
-
နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် ခိုင်သင်းကြည်ရဲ့ ခင်ပွန်းဖြစ်သူ ကိုခန့်နိုင်ကို စစ်ကောင်စီက ဧပြီလ ၂၇ ရက် ဒီကနေ့ ည ၁၁ နာရီလောက်မှာ လာဖမ်းသွားတယ်လို့ သမီးဖြစ်သူ မစံထိပ်ထားဦးက လူမှုကွန်ရက်မှာ ရေးထားပါတယ်။
ဧည့်စာရင်းစစ်မယ်လို့အကြောင်းပြပြီး စစ်ကောင်စီတပ်သားတွေ နေအိမ်ထဲဝင်ဖမ်းတာကို မစံထိပ်ထားဦးက သူ့ရဲ့ လူမှုကွန်ရက်ကနေ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။ အဲဒီနောက် "ဖေဖေ့ကိုခေါ်သွားပါပြီ" လို့ ထပ်မံရေးထားပါတယ်။
ရုပ်ရှင်သရုပ်ဆောင်ခိုင်သင်းကြည်ကတော့ တိမ်းရှောင်နေလို့ ခင်ပွန်းဖြစ်သူ ဖမ်းဆီးခံရချိန် အိမ်မှာမရှိဘူးလို့ အနုပညာအသိုင်းအဝိုင်းကနေ RFA က စုံစမ်းသိရပါတယ်။
ဘာကြောင့် ဖမ်းဆီးခံရတယ်ဆိုတာ သိနိုင်ဖို့ သမီးဖြစ်သူကို RFA က မေးမြန်းထားပေမယ့် ပြန်ဖြေတာ မရှိသေးပါဘူး။
သရုပ်ဆောင်ခိုင်သင်းကြည်ကို စစ်ကောင်စီက ပြီးခဲ့တဲ့မတ်လထဲမှာ လူမှုထူးချွန်ဆု ပေးခဲ့ပြီး၊ ရက်ပိုင်းအတွင်းမှာပဲ ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။