ပုဏ္ဏားကျွန်းမှာ စစ်ကောင်စီ ရဲတပ်သားနှစ်ဦးကို အေအေ ဖမ်းဆီး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ အောက်တိုဘာလ ၁ ရက် မနေ့ကနေ့လယ် ၃ နာရီက စားသောက်ဆိုင်တစ်ခုအတွင်းထိုင်နေတဲ့ စစ်ကောင်စီ ရဲတပ်သား နှစ်ဦးကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့အား ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့က တွေ့ရစဉ်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ အောက်တိုဘာလ ၁ ရက် မနေ့ကနေ့လယ် ၃ နာရီ က စားသောက်ဆိုင်တစ်ခုအတွင်းထိုင်နေတဲ့ စစ်ကောင်စီ ရဲတပ်သား နှစ်ဦးကို ရက္ခိုင့် တပ်တော် (AA) က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

AA ဖမ်းဆီးခဲ့တဲ့ ရဲတပ်သား နှစ်ဦးဟာ ပုဏ္ဏားကျွန်းမြို့မ ရဲစခန်းက အသက် ၄၀ ကျော် အရွယ် တပ်ကြပ်ကြီး ဇော်လင်းဦးနဲ့ အသက် ၃၈ နှစ်အရွယ် ဒုရဲအုပ် လှသိန်းတို့ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"သူတို့နှစ်ဦးက ဂူဝဘုရားနားက အရက်ဆိုင်မှာ (စားသောက်ဆိုင်) အရက်သောက်နေ ကြတာ၊ အဲဒီအချိန် လက်နက်ကိုင်ထားတဲ့ လူကိုးဦးလောက်က လာခေါ်သွားတယ်။ ပြီးတော့ အဲဒီနှစ်ဦးက မြို့မှာ နာမည်ထွက်နေတဲ့သူတွေ၊ စစ်ကောင်စီ အရပ်သားတွေကို ဖမ်းခိုင်းတိုင်း သူတို့နှစ်ဦး ပါတာများတယ်"

ရဲတပ်သား နှစ်ဦး ဖမ်းဆီးခံရပြီး နာရီပိုင်းအကြာ ပုဏ္ဏားကျွန်းမြို့မရဲစခန်းက ရဲအင်အား ၃၀ နီးပါးဟာ စားသောက်ဆိုင်အနီး နေအိမ်တွေကို ဝင်ရောက်ရှာဖွေတာနဲ့ ဒေသခံတွေကို စစ်ဆေးမေးမြန်းတာတွေ လုပ်ခဲ့တယ်လို့ သူက ပြောပါတယ်။

ဒီအပြင် စစ်ကောင်စီတပ်တွေက ရပ်ကွက်လမ်းသွယ်တွေပါမကျန် တစ်မြို့လုံးကို ပိုက်စိတ်တိုက်ရှာဖွေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရဲတပ်သား နှစ်ဦးကို ဖမ်းဆီးတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကရော AA ကပါ သတင်းတစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ AA အကြား ယခုနှစ် ဇွန်လနောက်ပိုင်း စစ်ရေးတင်းမာမှုတွေရှိခဲ့ပြီး အပြန်အလှန်ဖမ်းဆီးတာနဲ့ တိုက်ပွဲဖြစ်ပွားတာတွေ ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org