ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA တိုက်ပွဲဖြစ်
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အစပ် ပလက်ဝမြို့နယ်ထဲက ကုလားတန်မြစ်အနောက်ဖက်ခြမ်းမှာ ရခိုင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ AA နဲ့ အစိုးရတပ်မတော်တို့ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့တယ် လို့ AA အဖွဲ့က ပြောပါတယ်။
-
2017-09-01 -
-
-
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အစပ် ပလက်ဝမြို့နယ်ထဲက ကုလားတန်မြစ်အနောက်ဖက်ခြမ်းမှာ ရခိုင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ AA နဲ့ အစိုးရတပ်မတော်တို့ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ AA အဖွဲ့က ပြောပါတယ်။
ကုလားတန်မြစ်အနောက်ဖက်ခြမ်း ကန်သရ ဆိုတဲ့တောင်ကြောမှာ မနေ့က ညနေ ၃ နာရီလောက်က စတင်ဖြစ်ပွားကာ ၁ နာရီလောက်ကြာခဲ့တယ်လို့ AA ရဲ့ ပြန် ကြားရေးတာဝန်ခံ ခိုင်သုခ က ပြောပါ တယ်။
"တိုက်ပွဲဖြစ်တဲ့နေရာကတော့ ပလက်ဝမြို့နယ်ရဲ့အထက်ပိုင်း ကုလားတန်အနောက်ဖက်ကမ်းပေါ့ဗျာ၊ ကန်သရ တောင်တန်းပေါ်မှာဖြစ်တာ၊ တပ်မတော်ဘက်က ကျွန်တော်တို့ အခြေပြုထားတဲ့ဒေသကို ထိုးဖောက်ဝင်ရောက်လာလို့ တိုက်ပွဲဖြစ်တာဗျ"
AA အဖွဲ့ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့တို့ ပူးပေါင်းထားတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်ဖြစ်ပြီး လတ်တလောမှာ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် ရှေ့တိုးနိုင်ဖို့မရှိသေးဘူးလို့ AA အဖွဲ့က ခိုင်သုခ က ပြောပါတယ်။
AA အဖွဲ့ဟာ ပလက်ဝမြို့နယ်ထဲမှာ အခြေစိုက်ထားတာဖြစ်ပြီး အစိုးရတပ်မတော်က ဝင်ရောက်နယ်မြေရှင်းလင်း တာမျိုးတွေ ကြုံနေရတာလို့လည်း ခိုင်သုခ က ပြောပါတယ်။
တပ်မတော်ဘက်ကတော့ ရခိုင်ပြည်နယ် အကြမ်းဖက်မှုတွေ ဖြစ်နေတဲ့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နေတဲ့အချိန်မှာ AA လက်နက်ကိုင်အဖွဲ့က တပ်မတော်စစ်ကြောင်း ကို ချောင်းမြောင်း တိုက်ခိုက်တာဖြစ်ကြောင်းနဲ့ တပ်မတော်ဘက်က အရာရှိ စစ်သည်အချိုက ကျဆုံးသွားကြောင်း ထုတ်ပြန်ထားပါတယ်။
အဲဒီကိစ္စအတွက် AA ရဲ့ လုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချကြောင်းနဲ့ ထိရောက်စွာ လက်တုန့်ပြန် တိုက်ခိုက်သွား မှာဖြစ်တယ်လို့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။