အင်းရွာက ဗလီတစ်လုံးမီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် အင်းရွာထဲကို မနေ့က စစ်ကောင်စီတပ်သားတွေ ဝင်လာပြီး ဗလီတစ်လုံးအပါအဝင် နေအိမ်အလုံး ၃ဝ ကျော်ကို မီးရှို့သွားတယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

မီးရှို့ခံရသည့် အင်းရွာက ဗလီ။ Photo : Citizen Journalist

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် အင်းရွာထဲကို မနေ့က စစ်ကောင်စီတပ်သားတွေ ဝင်လာပြီး ဗလီတစ်လုံးအပါအဝင် နေအိမ်အလုံး ၃ဝ ကျော်ကို မီးရှို့သွားတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

အဲဒီဒေသမှာ လတ်တလော တိုက်ပွဲတွေမရှိပေမယ့် စစ်ကောင်စီတပ်သားတွေက ရွာတွေထဲ ဝင်ရောက်စီးနင်းတာတွေ ရှိနေတာကြောင့် ရွာသားတွေဟာ ကိုယ့်ရွာမှာကိုယ် မနေရဲဘူးလို့လည်း ဆိုပါတယ်။

"ကျွန်တော်တို့ ဘာသာရေးအဆောက်အဦ ဗလီတစ်လုံး ဆုံးရှုံးသွားရတယ်၊ အားလုံးမီးလောင်သွားတယ်၊ ဗလီအနားက ဗလီဆရာအိမ်တွေလည်း မီးရှို့ခံရတယ်၊ မွတ်ဆလင်အိမ် ၂၅ လုံးလောက် မီးရှို့ခံရတယ်၊ ကျန်တာ ဗုဒ္ဓဘာသာအိမ်တွေ၊ လူသားအကုန်လုံး အိမ်အိုးမဲ့ နေစရာမရှိဘူးပေါ့" လို့ RFA ကိုပြောပါတယ်။

မနေ့က အင်းရွာထဲကို ဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ရွာထဲက လူ ၁၄ ယောက်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားတယ်လို့ ဒေသခံက ပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ ရွာတွေကို မီးရှို့တာမရှိဘူးလို့ အမြဲငြင်းဆိုနေတာပါ။

စစ်ကိုင်းတိုင်းဟာ စစ်ကောင်စီကို အပြင်းထန်ဆုံး ပြန်လည်ခုခံနေတဲ့ တိုင်းဖြစ်တာကြောင့် စစ်ကောင်စီဘက်ကလည်း ကြည်းကြောင်းရော၊ လေကြောင်းကပါ ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

မွတ်ဆလင်အဖွဲ့တွေက ပြုစုထားတဲ့ စာရင်းအရ စစ်တပ်က အာဏာသိမ်းပြီးနောက် ဗလီ နှစ်လုံး မီးရှို့ခံရပြီး မွတ်ဆလင် ၆၂ ဦးသတ်ဖြတ်ခံထားရသလို ၄၁ ဦးထက်မနည်း ဖမ်းဆီးခံထားရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org