နိုင်ငံတကာ NGO အဖွဲ့တွေကို ကာကွယ်စောင့်ရှောက်ဖို့ ကုလ တိုက်တွန်း
ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ NGO အဖွဲ့အစည်း ဝန်ထမ်းအားလုံးရဲ့ လုံခြုံရေးနဲ့ အဆောက် အအုံတွေ ၊ ပိုင်ဆိုင်မှု ပစ္စည်းတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က မြန်မာ အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
-
2014-03-31 -
-
-
ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ NGO အဖွဲ့အစည်း ဝန်ထမ်းအားလုံးရဲ့ လုံခြုံရေးနဲ့ အဆောက် အအုံတွေ ၊ ပိုင်ဆိုင်မှု ပစ္စည်းတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က မြန်မာ အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
မစ္စတာ ဘန်ကီမွန်းဟာ မတ်လ ၃ဝ ရက် တနင်္ဂနွေနေ့က သမ္မတဦးသိန်းစိန်ကို တယ်လီဖုန်းနဲ့ ဆက်သွယ် ပြောကြား တိုက်တွန်းခဲ့တာဖြစ်ကြောင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူက မနေ့က ပြောပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်း လဲရေးလုပ်ငန်းစဉ်တွေကို ထိခိုက်အောင် လုပ်ဆောင် ခဲ့သူတွေ အပြစ်လွတ်နေတာမျိုး လုံးဝမဖြစ် သင့်ကြောင်း၊ ပြည်သူအားလုံးကို အကာအကွယ်ပေးပြီး၊ တရား ဥပဒေ အပြည့်အဝစိုးမိုးမှုရှိဖို့လိုအပ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် က တယ်လီဖုန်းက တဆင့် တောင်းဆိုခဲ့ပါတယ်။
စစ်တွေမြို့မှာ မကြာခင်က သန်းခေါင်စာရင်းကောက်ခံမှုကို သပိတ်မှောက်တဲ့ အနေနဲ့ အိမ်တိုင်းမှာ သာသနာ့ အလံ လွှင့်ထူထားကြစဉ်အတွင်း၊ ဂျာမနီအခြေစိုက် INGO အဖွဲ့တစ်ဖွဲ့က ငှားရမ်းပြီး ရုံးခန်းအဖြစ်ဖွင့်လှစ်ထား တဲ့ အဆောက်အဦးမှာ လွှင့်ထူထားတဲ့အလံကို အဖွဲ့တာဝန်ရှိသူတစ်ဦးကပြန်ဖြုတ်ခဲ့ရာကနေ ပဋိပက္ခ ဖြစ်ပွားခဲ့ တာပါ။ ပဋိပက္ခအတွင်း ကုလသမဂ္ဂ နဲ့ INGO အဖွဲ့ တွေရဲ့ ရုံးခန်း နဲ့ ရုံးသုံးပစ္စည်းတွေ၊ ဆေးဝါးနဲ့ တခြား ကူညီရေး ပစ္စည်းတွေ သုံလှောင်ရာ ဂိုထောင်တွေ ဖျက်ဆီးခံခဲ့ရပြီး၊ ဝန်ထမ်းတွေကို အာဏာပိုင်တွေက ဘေးလွတ် ရာခေါ်ယူစောင့်ရှောက်ပေးခဲ့ရပါတယ်။ အာဏာပိုင်တွေရဲ့ ဆောင်ရွက်မှု တွေကို ကြိုဆိုကြောင်း မစ္စတာ ဘန်ကီမွန်းက ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေပြီး၊ လူ့အခွင့်အရေး အခြေ အနေ တွေကလည်း စိုးရိမ်စရာဖြစ်နေတဲ့အတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ အင်နဲ့အားနဲ့ ရှိနေအောင် ဆောင်ရွက်ဖို့လိုကြောင်း၊ လက်ရှိသန်းခေါင်စာရင်း ကောက်ယူမှုနဲ့ပတ်သက်ပြီး မတူကွဲပြားတဲ့ လူမျိုးစုတွေကြား စိုးရိမ်ပူပန်မှုတွေ ရှိနေတာကြောင့် အေးအေးချမ်းချမ်းနဲ့ သတိထားဆောင်ရွက်ဖို့၊ နည်းပညာ နဲ့လူ့အခွင့်အရေးဆိုင်ရာတွေမှာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ အညီ ဆောင်ရွက်မယ်လို့မျှော်လင့်ကြောင်း၊ လည်း ပြောပါတယ်။ လက်ရှိဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို ကုလသမဂ္ဂအနေနဲ့ အပြု သဘော နဲ့ဆက်လက်ကူညီ ပံ့ပိုးပေးသွားမှာဖြစ်ကြောင်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုခဲ့တယ် လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။