ရိုဟင်ဂျာတွေကို နိုင်ငံသားပေးဖို့ ကုလတိုက်တွန်း
2014.11.21

ကုလသမဂ္ဂအထွေထွေညီလာခံ လူ့အခွင့်အရေးကော် မတီက ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ လူနည်း စုမွတ် စလင်တွေကို တန်းတူညီမျှအခွင့် အရေးပေးတဲ့ အနေနဲ့ နိုင်ငံသားအဖြစ်သတ်မှတ်ပေးဖို့ မနေ့က တိုက်တွန်းလိုက်ပါတယ်။
အဲ့ဒီဆုံးဖြတ်ချက်မှာပါဝင်တဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံး အနှုန်းကို မြန်မာသံအမတ်ကြီးကဝေဖန်ခဲ့ပေမယ့် တညီတညွတ် ချမှတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ မြန် မာအစိုးရက သူတို့ကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ က ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေလို့ သတ်မှတ်သုံးနှုန်းပါ တယ်။
ဥရောပနိုင်ငံများအဖွဲ့ EU က ကမကထပြု တင်သွင်းတဲ့ ဒီဆုံးဖြတ်ချက်မှာနောက်ဆက်တွဲ အရေးယူမှု တစ်စုံ တစ်ရာမျှ ထည့်သွင်းပြဌာန်းထားခြင်း မရှိတဲ့အတွက် မြန်မာအစိုးရကို ဖိအားပေးမှုသက်သက်ဖြစ်တယ်လို့ ဆိုပါ တယ်။
မြန်မာအစိုးရရဲ့ ဒီမိုကရေစီပြောင်းလဲရေး လုပ်ငန်းစဉ်မှာ ရိုဟင်ဂျာတွေ လူ့အခွင့်အရေးဆုံးရှုံးနေမှုဟာ အဓိ ကပြဿနာတစ်ရပ် ဖြစ်နေတယ်လို့ ကုလသမဂ္ဂက လာတဲ့ APသတင်းမှာဖော်ပြထားပါတယ်။