မြန်မာ့ ရေနံလုပ်ငန်းကို အရေးယူဖို့ သြစတြေးလျပြည်နယ်ဆုံးဖြတ်

မြန်မာစစ်အစိုးရရဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူဖို့ သြစတြေးလျက အကြီးဆုံးပြည်နယ် ဖြစ်တဲ့ နယူးဆောက်ဝေးလ် ပြည်နယ်ပါလီမန်က သြစတြေးလျ ဗဟိုအစိုးရကို တောင်းဆိုလိုက်ပါတယ်။

ဩစတြေးလျနိုင်ငံ၊ နယူးဆောက်ဝေး ပြည်နယ်၊ ဆစ်ဒနီမြို့ရှိ ကမ္ဘာကျော် အော်ပရာဟောက်စ် အဆောက်အအုံရှေ့တွင် မြန်မာ့ ဒီမိုကရေစီရေး လိုလားထောက်ခံသူများ ၂၀ဝ၉ အောက်တိုဘာ ၂၇ ရက်က ‘ဒီမိုကရေစီအတွက် စုဝေးကြ၊ လွတ်မြောက်ရေးအတွက် ရပ်တည်ကြ’ ရှေ့ပြေး လှုပ်ရှားမှုတွင် ပါဝင်ဆင်နွှဲနေပုံ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

မြန်မာစစ်အစိုးရအနေနဲ့ စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်နေတာတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက လက်ပိုက်ကြည့်နေမှာ မဟုတ်တဲ့အကြောင်း၊ အပြစ်မဲ့ပြည်သူတွေနဲ့ သဘာဝ ပတ်ဝန်းကျင်ကို ထိပါးနေတဲ့၊ သြစတြေးလျနဲ့ ကုန်သွယ်နေဆဲ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို နယူးဆောက်ဝေးလ် ပြည်နယ် အထက်လွှတ်တော်က ရှင်းရှင်းလင်းလင်း သတိပေးလိုက်တာ ဖြစ်ကြောင်း ဒီအရေး ဦးဆောင်သူတဦးဖြစ်တဲ့ Greens Party အမတ် Dr. John Kaye က ပြောပါတယ်။

အထက်လွှတ်တော်က မြန်မာအစိုးရ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို ပစ်မှတ်ထားပြီး ပိတ်ဆို့ အရေးယူဖို့ သြစတြေးလျ ဗဟိုအစိုးရကို ပြီးခဲ့တဲ့အပတ်က ဆုံးဖြတ် တောင်းဆိုခဲ့တာပါလို့ ဒေါက်တာ ကေးက ပြောသွားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား အကြံပြုခဲ့တဲ့ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ ရာဇဝတ်မှုတွေ ကျူးလွန်မှု ရှိမရှိ စုံစမ်းရေးကော်မရှင် ဖွဲ့သင့်ကြောင်းအဆိုကို သြစတြေးလျအစိုးရက ထောက်ခံခဲ့အပြီး မြန်မာစစ်အစိုးရရဲ့ အဓိက ဝင်ငွေရ လုပ်ငန်းဖြစ်တဲ့ ရေနံ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ပိတ်ဆို့အရေးယူဖို့ တောင်းဆိုလိုက်တာပါလို့လည်း Greens Party အမတ် မစ္စတာကေးက ပြောပါတယ်။ ဒီအရေး ဦးဆောင် တင်ပြခဲ့သူ အထက်လွှတ်တော်အမတ် ဒေါက်တာ ဂျွန်ကေးကို RFA မှ ကိုကျော်မင်းထွန်းက ဆက်သွယ် မေးမြန်းတင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org