သံတွဲပဋိပက္ခကြောင့် ဖမ်းဆီးတရားစွဲခံထားရသူ ၉၀ ကျော်ရှိ
ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ပြီးခဲ့တဲ့စက်တင်ဘာလကုန်ပိုင်းကဖြစ်ပွားခဲ့တဲ့ ဆူပူအကြမ်းဖက်မှုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး နိုဝင်ဘာလ ၂၂ ရက်နေ့အထိ သံသယရှိသူ ၁၀၂ ဦးကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး အဲဒီအထဲက ၉ ဦးကို ပြန်လွှတ်ပေးခဲ့ကာ ကျန်တဲ့ ၉၃ ဦးကို အမှု ၁၉ မှုနဲ့ တရားစွဲတင်ခဲ့ကြောင်း ဒီကနေ့ထုတ် အစိုးရပိုင်သတင်းစာတွေမှာ ဖော်ပြလိုက် ပါတယ်။
-
2013-11-26 -
-
-
ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ပြီးခဲ့တဲ့စက်တင်ဘာ လကုန်ပိုင်းကဖြစ်ပွားခဲ့တဲ့ ဆူပူအကြမ်းဖက်မှုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး နိုဝင်ဘာလ ၂၂ ရက်နေ့အထိ သံသယရှိသူ ၁၀၂ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အဲဒီအထဲက ၉ ဦး ကို ပြန်လွှတ်ပေးခဲ့ကာ ကျန်တဲ့ ၉၃ ဦးကို အမှု ၁၉ မှုနဲ့ တရားစွဲတင်ခဲ့ကြောင်း ဒီကနေ့ထုတ် အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြလိုက်ပါတယ်။
တရားစွဲဆိုခံထားရတဲ့သူတွေဟာ သံတွဲမြို့နယ်ကဖြစ်ပြီး အများစုဟာ မီးရှို့မှု၊ လူသတ်မှုပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရတာဖြစ်ကြောင်း သံတွဲမြို့နယ ်ရဲတပ်ဖွဲ့မှူး ရဲမှူးဦးခင်ဇော်က ပြောပါတယ်။
“အပြင်ကတစ်ယောက်မှ မပါဘူးခင်ဗျ၊ ကျနော်တို့ နယ်ခံတွေချည်းပဲ၊ အများစုကတော့ မီးရှို့မှုနဲ့ လူသတ်မှုပဲ၊ ခဲပေါက်တာတွေ တစ်မှုနှစ်မှုပါတယ်”
သံတွဲမြို့နယ်က အကြမ်းဖက်ပဋိပက္ခတွေမှာ ပြစ်မှုကျူးလွန်သူ ၇၁ ဦးကို တရားခံပြေးအဖြစ် သတ်မှတ်ထားပြီး ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေတယ်လို့လည်း ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ် သံတွဲမြို့မှာ စက်တင်ဘာလကုန် အောက်တိုဘာလဆန်းပိုင်းကဖြစ်ပွားခဲ့တဲ့ ဆူပူအကြမ်းဖက်မှုတွေကြောင့် လူ ၇ ဦးသေဆုံးပြီး အိမ်ထောင်စုပေါင်း ၁၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပါတယ်။