ရှစ်လေးလုံးပါတီနာမည်ကိစ္စ အငြင်းပွားမှု ကော်မရှင်နဲ့ ဆွေးနွေး

ရှစ်လေးလုံးပါတီ နာမည်နဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ရှိနေတဲ့အတွက် နိုင်ငံရေး ပါတီဖြစ်မြောက်ရေးကော်မတီ တာဝန်ရှိသူတွေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေဟာ ဒီနေ့ နေပြည်တော်က ကော်မရှင်ရုံးမှာ တေ့ွဆုံဆွေးနွေးခဲ့ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ရှစ်လေးလုံးပါတီဝင်တွေ ၂ဝ၁၈ ခုနှစ် မတ်လ ၂၆ ရက်နေ့က တွေ့ဆုံခဲ့စဉ် Photo: Ko Ko Gyi - facebook

ရှစ်လေးလုံးပါတီ နာမည်နဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ရှိနေတဲ့အတွက် နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီ တာဝန်ရှိသူတွေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေဟာ ဒီနေ့ နေပြည်တော်က ကော်မရှင်ရုံးမှာ တေ့ွဆုံဆွေးနွေးခဲ့ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဘက်က ပါတီနာမည်နဲ့ပတ်သက်ပြီး ကန့်ကွက်တာမရှိပေမယ့် အများပြည်သူ အကြားမှာ အငြင်းပွားမှုတွေ ဖြစ်လာနိုင်မလားဆိုတာကို စိုးရိမ်မှုတွေရှိနေတယ်လို့ နိုင်ငံရေးပါတီဖြစ်မြောက်ရေး ကော်မတီ ဦးဆောင်သူတွေထဲက ဦးကိုကိုကြီးက ပြောပါတယ်။

ပါတီနာမည်ပြောင်းဖို့ မပြောင်းဖို့နဲ့ပတ်သက်ပြီး မြို့နယ်အသီးသီးက ပါတီဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင်တွေနဲ့ တေ့ွဆုံဆွေးနွေးပြီးမှ ဆုံးဖြတ်ချက်ချနိုင်မယ်လို့လည်း ပြောပါတယ်။

မြို့နယ်အသီးသီးက နိုင်ငံရေးပါတီဖြစ်မြောက်ရေး ကော်မတီ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီးနောက် လာမယ့် ဧပြီလ ၆ ရက်နေ့လောက်မှာ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေနဲ့ ထပ်မံတွေ့ဆုံဖို့ လျာထားတယ်လို့ ဆိုပါတယ်။

ပါတီနာမည်ပြောင်းဖို့ ကော်မရှင်ဘက်က တစ်စုံတရာဖိအားပေးတာ မရှိကြောင်းလည်း ဦးကိုကိုကြီးက ပြောပါတယ်။

၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ပါဝင်တဲ့ ရှစ်လေးလုံးပါတီကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ရက်နေ့က ပြည်ထောင်စုကော်မရှင်ထံ မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org