၈၈မျိုးဆက်တွေရဲ့ ချင်းပြည်နယ် ခရီးစဉ်မှာ နှောင့်ယှက်မှုတွေရှိ

ချင်းပြည်နယ်မှာ ပွင့်လင်းလူ့အဖွဲ့အစည်း ခရီးစဉ်အဖြစ် ရောက်နေကြတဲ့ ၈၈မျိုးဆက်ကျောင်းသားတွေရဲ့ ဟောပြောပွဲတစ်ချို့ကို ဒေသဆိုင်ရာ အာဏာပိုင်တွေက ပိတ်ပင်တားဆီးတာတွေ ရှိခဲ့တယ်လို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက မတ်လ ၉ ရက် ဒီကနေ့မှာ RFA ကို ပြောပါတယ်။

ချင်းပြည်နယ်၊ ဖလန်းမြို့ကို မတ်လ ၉ ရက်နေ့က ရောက်ရှိနေတဲ့ ၈၈မျိုးဆက်ကျောင်းသားတွေနဲ့ ဒေသခံများ တွေ့ဆုံခဲ့စဉ် photo: 88 facebook

ချင်းပြည်နယ်မှာ ပွင့်လင်းလူ့အဖွဲ့အစည်း ခရီးစဉ်အဖြစ် ရောက်နေကြတဲ့  ၈၈မျိုးဆက်ကျောင်းသားတွေရဲ့ ဟောပြောပွဲ တစ်ချို့ကို ဒေသဆိုင်ရာ အာဏာပိုင်တွေက  ပိတ်ပင်တားဆီးတာတွေ ရှိခဲ့တယ်လို့ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေက မတ်လ ၉ ရက် ဒီကနေ့မှာ RFA ကို ပြောပါတယ်။

ဖလမ်းမြို့၊ ကလေးမြို့တို့မှာ ဟောပြောပွဲ ပိတ်ပင်တားဆီးခံခဲ့ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ၈၈မျိုးဆက်ကျောင်းသူ မမီးမီးက အခုလို ပြောပါတယ်။

“ဖလမ်းမှာ၊ တီးတိန်မှာရော ရိခေါဒါရ်မှာရော ဟောပြောမည့်နေရာတွေ က ဟောပြောခွင့်ကို ခွင့်ပြုမိန့်မရဘူး၊ စီစဉ်ပြီးသားဖြစ်တဲ့အတွက် ဒေသခံတွေကတော့ အိမ်တစ်အိမ်မှာ စီစဉ်လိုက်တာမျိုးတွေရှိတယ်၊ လုံခြုံရေးအရ ခွင့်မပြုနိုင်ဘူးဆိုပြီးမှ သူတို့ဘာသာအကြောင်းပြတယ်၊ ဌာနဆိုင်ရာဝန်ထမ်းတွေ ဒီဟောပြောပွဲကို မတက်ရောက်ရဘူးဆိုတဲ့ နှုတ်နဲ့လှမ်းပြီးတော့ တားတာတွေကြားရတယ် ”

ဒီကနေ့မှာ ချင်းပြည်နယ် ဖလမ်းမြို့က မြို့နယ်ခန်းမမှာ ဟောပြောပွဲလုပ်ဖို့ ရည်ရွယ်ထားပေမယ့် အာဏာပိုင်တွေရဲ့ ပိတ်ပင်မှုကြောင့် ဖလမ်းမြို့ပေါ်က ခရစ်ယာန်ဘုရားကျောင်းတစ်ခုမှာ လုပ်ခဲ့ရတယ်လို့ သိရပါတယ်။

ဟားခါးမြို့မှာတော့ ဟောပြောမယ့်နေရာ အခုထိအဆင်မပြေသေးဘူးလို့ မမီးမီးက ပြောပါတယ်။

၈၈မျိုးဆက်ခေါင်းဆောင်တွေဟာ ချင်းပြည်နယ်ခရီးစဉ်ကို မတ်လ ၅ ရက်နေ့ စတင်ခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org