နေပြည်တော်မှာ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး နှစ်ပတ်တစ်ကြိမ် ပြုလုပ်နေကျဖြစ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေ နေရပ်ပြန်လာရေးအခြေအနေ၊ ကချင်ပြည်နယ်က ဒုက္ခသည်တွေရဲ့ စားဝတ်နေရေးအခက်အခဲ၊ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးရဲ့ ပြောကြားချက်တွေနဲ့ပတ်သက်လို့ သတင်းထောက်တွေက မေးမြန်းခဲ့ကြပါတယ်။
RFA သတင်းထောက် မဇင်မာဝင်း က ကောက်နုတ်တင်ပြထားပါတယ်။