ဒီနေ့ည ၁၁ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရန်ကုန်စမ်းချောင်းမြို့နယ်ထဲက လူငယ်တစ်ယောက်ကို ရိုက်နှက်ပြီးနောက် တရွတ်တိုက်ဆွဲသွားခေါ်တဲ့ မြင်ကွင်းဖြစ်ပါတယ်။
ဒီလူငယ်ကို တရွတ်တိုက်ဆွဲခေါ် သွားပြီး ရပ်ကွက်လမ်းထိပ်မှာ ပစ်ထားခဲ့တာကြောင့် စစ်သားတွေပြန်သွားတဲ့ အချိန်မှာ ဒေသခံတွေက သွားပြန်ခေါ်ခဲ့တယ်လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။ ရိုက်နှက်ခံရတဲ့အခြေအနေနဲ့ ဒီလူငယ်သေဆုံးသွားခြင်း ရှိ၊ မရှိ ဆိုတာကိုတော့ RFA က သီးခြားအတည်ပြုဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။