ဖားကန့်ဒေသက ရေမဆေးကျောက်ရှာတဲ့အမျိုးသမီးများ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ကျောက်စိမ်းလုပ်ကွက်တွေမှာ အသက်နဲ့ရင်းပြီး ရေမဆေးကျောက် ရှာဖွေနေသူတွေထဲမှာ အမျိုးသမီးတွေလည်း ပါဝင်နေတာ တွေ့ရပါတယ်။

hpakant-622

 

■ ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ကျောက်စိမ်းလုပ်ကွက်တွေမှာ ရေမဆေးကျောက် ရှာဖွေနေတဲ့အထဲမှာ အများအားဖြင့် အမျိုးသားတွေကိုသာ တွေ့ရမှာပါ။ ရေမဆေးကျောက် ရှာဖွေသူတွေဟာ ကျောက်စိမ်းကုမ္ပဏီ တွေက စွန့်ပစ်လိုက်တဲ့ မြေစာပုံတွေမှာ အသက်နဲ့ရင်းပြီး ရှာဖွေနေကြရတာ ဖြစ်ပါတယ်။

ဒီလိုအန္တရာယ်တွေ ကြားထဲက မနကျေးရွာက ကျောက်စိမ်းမှော်မှာတော့ ထူးထူးခြားခြား ရေမဆေးကျောက် ရှာဖွေနေတဲ့ အမျိုးသမီး ၂ ဦးကို တွေ့ခဲ့ရပါတယ်။

RFA သတင်းထောက် ကိုအောင်သိင်္ခ တင်ပြထားပါတယ်။

(ရိုက်ကူး - အောင်သိင်္ခ၊ အဲလိဇဘက်ဂျန်မာ/RFA)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org