KIO ဗိုလ်လောင်း ၂၃ ဦးအတွက် ဆုတောင်းပွဲ


2014.11.27

KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ်- လိုင်ဇာမြို့က ဗိုလ်သင်တန်းကျောင်းကို အစိုးရတပ်က လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ တိုင်းရင်းသားဗိုလ်လောင်း ၂၃ ဦးအတွက် အောက်မေ့သတိရ ခြင်းနဲ့၊ တနိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရေး ဆုတောင်းပွဲကို ရန်ကုန် စမ်းချောင်းမြို့နယ်က ကချင်နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းမှာ ၂ဝ၁၄ နိုဝင်ဘာလ ၂၆ ရက်နေ့က ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် မစန်းမော်အောင်က တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။