ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လေ့လာသူတို့ အမြင်မတူ
ကျိုင်းတုံမှာ မနေ့က ကျင်းပခဲ့တဲ့ တပ်မတော်၊ အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ် လေးဖွဲ့တို့ ဆွေးနွေးပွဲဟာ အရင်က တွေ့ဆုံဆွေးနွေးပွဲတွေထက် အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေရှိခဲ့တယ်လို့ သုံးသပ်သူတွေလည်းရှိသလို ဒီဆွေးနွေးပွဲကနေ တိကျတဲ့ သဘောတူညီချက်တွေ ထွက်လာဖို့ မျှော်လင့်ထားပေမယ့် ဖြစ်မလာဘူးလို့ ထောက်ပြသူတွေလည်း ရှိနေပါတယ်။
-
2019-09-18 -
-
-
အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့၊ တပ်မတော်ကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့က ကိုယ်စားလှယ်တွေဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ မှာ ၂၀၁၉၊ စက်တင်ဘာ ၁၇ ရက်နေ့က တွေ့ဆုံဆွေးနွေးစဉ်
ဓါတ်ပုံ - ကံသာ/ RFA
ကျိုင်းတုံမှာ မနေ့က ကျင်းပခဲ့တဲ့ တပ်မတော်၊ အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ် လေးဖွဲ့တို့ ဆွေးနွေးပွဲဟာ အရင်က တွေ့ဆုံဆွေးနွေးပွဲတွေထက် အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေရှိခဲ့တယ်လို့ သုံးသပ်သူတွေလည်းရှိသလို ဒီဆွေးနွေးပွဲကနေ တိကျတဲ့ သဘောတူညီချက်တွေ ထွက်လာဖို့ မျှော်လင့်ထားပေမယ့် ဖြစ်မလာဘူးလို့ ထောက်ပြသူတွေလည်း ရှိနေပါတယ်။
တိုက်ပွဲဖြစ်တဲ့ တိုင်းရင်းသားဒေသတွေက လွှတ်တော်ကိုယ်စားလှယ်တချို့ရဲ့ အမြင်၊ သုံးသပ်ချက်တွေကို RFA သတင်းထောက် မသက်စုအောင်က စုစည်းတင်ဆက်ထားပါတယ်။
ရိုက်ကူး - သက်စုအောင်၊ ကံသာ/ RFA