ဗစ်တိုးရီးယားအမှု စွပ်စွဲခံရသူ ယာဉ်မောင်းနဲ့ လိုပြသက်သေ ထွက်ဆိုချက်ကွဲလွဲ


2019.10.09

နေပြည်တော် ဗစ်တိုးရီးယားသက်ငယ်မုဒိမ်းမှုမှာ သံသယတရားခံအဖြစ် ဖမ်းဆီးစွပ်စွဲခံထားရသူ ယာဉ်မောင်း ကိုအောင်ကြီးကို အာမခံပေးဖို့ သူရဲ့ရှေ့နေက တင်ပြခဲ့ပေမယ့်၊ လက်မခံဘဲ ပ-လပ်ပေးဖို့ အစိုးရဥပဒေအရာရှိက ဒီကနေ့တရားရုံးမှာ လျှောက်လဲချက်ပေးခဲ့ပါတယ်။

ရှစ်ကြိမ်မြောက် ဒီနေ့ ရုံးချိန်းမှာ Wisdom Hill မူကြိုကျောင်းရဲ့ ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ရဲ့ ခင်ပွန်းဖြစ်သူ ရဲအုပ် ရန်နောင်စိုးက သက်သေအဖြစ် ထွက်ဆိုခဲ့ရာမှာ ကွဲလွဲချက်တချို့ ရှိခဲ့တယ်လို့လည်း အောင်ကြီးရဲ့ရှေ့နေတွေက ပြောပါတယ်။

RFA  သတင်းထောက် ကိုသီဟထွန်း တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။