ရွေးကောက်ပွဲနိုင်ရေးအတွက် ပါတီဝင်များကို ကြံ့ခိုင်ရေးဥက္ကဋ္ဌ တိုက်တွန်း
2019.09.14
၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေး ဝိုင်းဝန်းကြိုးစားကြဖို့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ဒီနေ့ ပါတီဗဟိုကော်မတီအစည်းအဝေးမှာ တိုက်တွန်းလိုက်ပါတယ်။ အစည်းအဝေးကို လေ့လာသူအဖြစ် ရောက်လာတဲ့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ကြံ့ခိုင်ရေးပါတီဟာ ၂၀၂၀ အလွန် လွှတ်တော်မှာလည်း အင်အားကောင်းကောင်းနဲ့ ရပ်တည်နိုင်ဦးမယ်လို့ ယူဆနေပါတယ်။
RFA သတင်းထောက် ကိုသီဟထွန်း က တင်ပြထားပါတယ်။