ထိုင်းဒုဝန်ကြီးချုပ်ရဲ့ ခရီးစဉ်
2016.06.30
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီး ပရာဝစ်(တ်) ဝုန်ဆူဝန် တို့ ဇွန်လ (၂၉) ရက်နေ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေတဲ့ အကြောင်းတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်အတွင်း ထိုင်းအရာရှိတွေကို တာဝန်ကနေ ရပ်နားလိုက်တဲ့ကိစ္စလည်း ပါဝင်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုဝင်းနောင်တိုးကပေးပို့ပြီး RFA သတင်းထောက် မဝေယံမိုးမြင့်က တင်ပြထားပါတယ်။