ပျောက်ဆုံးကျောင်းသားတွေ ထိုင်းရှာဖွေ
2018.06.28
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့အနီးက ထမ့်လုံခွန်နမ့်လိုဏ်ဂူထဲမှာ ထိုင်းလူငယ် ၁၂ ဦးနဲ့ နည်းပြတဦး ပျောက်ဆုံးနေပါတယ်။ ပျောက်ဆုံးနေတဲ့ လူငယ်တွေကို ရှာဖွေနေပုံနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံအခြေစိုက် ကရင်အမျိုးသားမီဒီယာ တာဝန်ခံ မန်းမျိုးမြင့်ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။