မင်းကွန်းရွာက ကျောက်တုံးပန်းချီ

ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေ အလည်အပတ် များတဲ့ မင်းကွန်းဒေသက န်းချီဆရာမ မတင်နီလာဝင်းဟာ ကျောက်စရစ်တုံးလေးတွေပေါ်မှာ ပန်းချီပုံလေးတွေ ရေးဆွဲဖန်တီးသူဖြစ်ပြီး၊ ဒေသခံ လူငယ်လေးတွေကိုပါ ပန်းချီပညာ သင်ကြားပေးနေသူပါ။


ဧရာဝတီမြစ်နံဘေးမှာ တည်ရှိတဲ့ မင်းကွန်းဒေသဟာ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေ အလည်အပတ် များသလို၊ လက်မှုအနုပညာပစ္စည်းနဲ့ လက်ဆောင်ပစ္စည်း အရောင်းဆိုင်တွေလည်း များပြားပါတယ်။

ပန်းချီဆရာမတစ်ဦးဖြစ်တဲ့ မင်းကွန်း‌သူ မတင်နီလာဝင်းဟာ ဧရာဝတီမြစ်ဆုံကရတဲ့ ကျောက်စရစ်တုံး လေးတွေပေါ်မှာ ပန်းချီပုံတွေ ရေးဆွဲဖန်တီးသူဖြစ်ပြီး၊ ဒေသခံ လူငယ်လေးတွေကိုပါ ပန်းချီပညာ သင်ကြားပေးနေသူပါ။ မတင်နီလာဝင်းရဲ့ ဖန်တီးမှုနဲ့ အနုပညာမျှဝေမှုအကြောင်း မခင်မိုးညိုက တင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org