တန့်ယန်း-လားရှိုးအစပ် ဘိန်းစိုက်ကျေးရွာက ကလေးတွေရဲ့ပညာရေး

ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းနဲ့လားရှိုးမြို့နယ် အစပ်မှာရှိတဲ့ တောင်ပေါ်ကျေးရွာက ဒေသခံတွေဟာ ဘိန်းကိုအဓိကထား စိုက်ပျိုးပြီး အသက်မွေးနေကြပေမယ့် စားဝတ်နေရေးအဆင်မပြေကြပါဘူး။

ကလေးတွေအတွက် ပညာရေးကို စိတ်မဝင်စားကြတဲ့ အဲဒီကျေးရွာတွေမှာ အစိုးရ အသိအမှတ်ပြု စာသင်ကျောင်းတွေ ဖွင့်လှစ်နိုင်ဖို့အတွက် တအာင်းပညာရေး အင်စတီကျုက စေတနာ့ဝန်ထမ်း ဆရာမတွေက ဝိုင်းဝန်းကြိုးပမ်းနေကြပါတယ်။

RFA သတင်းထောက် ကိုကံသာက ရိုက်ကူးတင်ပြထားပါတယ်။