ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် အီနိုင်းကျေးရွာအုပ်စု အထက်မန်ပြိန်းကျေးရွာအနီးမှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တိုက်ပွဲကြောင့် ရွာသားလေးဦး သေဆုံးပြီး ရွာလုံးကျွတ် ထွက်ပြေးခဲ့ကြရပါတယ်။
ဒီစစ်ပြေးဒုက္ခသည်တွေဟာ နေစရာမရှိသေးတဲ့အတွက် အောက်မန်ပြိန်းရွာမှာပဲ ယာယီးတဲတွေထိုးပြီး နေထိုင်နေကြရသလို အလုပ်အကိုင်လည်း မရှိကြတဲ့အတွက် စားဝတ်နေရေး အခက်အခဲ ဖြစ်နေပါတယ်။
RFA သတင်းထောက် ကိုကံသာက တင်ပြထားပါတယ်။