တိုင်ရီဖိနပ်စက်ရုံ အလုပ်ရှင် အလုပ်သမား ပြဿနာ


2015.11.30

ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန်-၃၊ တိုင်ရီဖိနပ်စက်ရုံမှာ အလုပ်ရှင်က အလုပ်သမားဥပဒေတွေ ချိုးဖောက်နေတဲ့အကြောင်း အလုပ်သမား တရာကျော်က နေပြည်တော် သမ္မတရုံးကို ဒီနေ့ သွားရောက် တိုင်ကြားခဲ့ကြပါတယ်။ ဒါပေမယ့် အလုပ်သမားတွေကို နေပြည်တော်ကို ဝင်ခွင့်မပြုဘဲ လာမယ့် ဒီဇင်ဘာလ ၂ ရက်နေ့မှာ လှိုင်သာယာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှာ တွေ့ဆုံဆွေးနွေးဖို့ ချိန်းဆိုလိုက်ပါတယ်။RFA သတင်းထောက် ကိုထက်အာကာက တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။