NLD အစိုးရလက်ထက် နိုင်ငံရေးအကျဉ်းသားရှိ၊ မရှိ


2019.04.26

 

မြန်မာနှစ်ဆန်းတရက်နေ့ကစပြီး သမ္မတဦးဝင်းမြင့်ရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ အကျဉ်းသား အတော်များများကို လွှတ်ပေးခဲ့ပေမယ့်၊ နိုင်ငံရေးအကျဉ်းသားတွေ ထောင်ထဲမှာ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။

ဒါ့ပြင် သြင်္ကန်ကာလ နောက်ပိုင်းမှာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ သံချပ်အဖွဲ့ဝင်တွေကို ဖမ်းဆီး တရားစွဲတာတွေ ဆက်တိုက် လုပ်ဆောင်လာတာတွေဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ရှေ့ဆက်မတိုးဘဲ နောက်ကြောင်းပြန်နေတဲ့ အခြေအနေ ဖြစ်နေတယ်လို့ နိုင်ငံရေး အသိုင်းအဝိုင်းက ဝေဖန် ထောက်ပြနေကြပါတယ်။

RFA သတင်းထောက် မဝေမာထွန်းက စုစည်းတင်ပြထားပါတယ်။
(ရိုက်ကူး - ဝေမာထွန်း၊ ထက်အာကာ/RFA)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။