ငြိမ်းချမ်းရေးနဲ့ နေ့စဉ်တိုက်ပွဲများ
2019.08.23
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၇ဝ ကျော်ကြာနေပြီဖြစ်တဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ဖို့အတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ လုပ်နေတယ်ဆိုပေမယ့် တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲတဲ့ အဆင့်ကိုတောင် မရောက်နိုင်သေးပဲ ဖြစ်နေပါတယ်။
အခုဆိုရင် ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ မြန်မာ့တပ်မတော်အကြား နေ့တိုင်းဆိုသလို တိုက်ပွဲတွေ ဖြစ်နေပါတယ်။
ဒါဟာ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို အရင်ကထက်ပိုပြီး အလေးအနက်ထား ဆောင်ရွက်ကြဖို့ တွန်းအားပေးနေတာလား…၊ ငြိမ်းချမ်းရေးအတွက် အနှောင့်အယှက်ဖြစ်စေသလား ဆိုတာနဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သား ကိုရဲစည်သူကာက တင်ပြထားပါတယ်။
(ဗီဒီယို - ကံသာ၊ မင်းသိန်းအောင်၊ အောင်မိုးမြင့်)