ရန်ကုန်ရောက် ပလက်ဝ စစ်ပြေးဒုက္ခသည်
2020.03.20
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က ကျေးရွာတွေမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ အခြားမြို့တွေကို ထွက်ပြေးနေကြပါတယ်။ ရေလမ်း၊ ကုန်းလမ်းခရီးနဲ့ မိုင်ပေါင်း ငါးရာကျော်ဝေးတဲ့ ရန်ကုန်မြို့အထိ ရွှေ့ပြောင်းလာသူတွေ ရှိနေပါပြီ။ ပလက်ဝမြို့နယ်၊ မီးလက်ဝ ကျေးရွာကနေ ရန်ကုန်မြို့ကို ရောက်လာတဲ့ စစ်ဘေးဒုက္ခသည် ချင်းမိသားစုတွေအကြောင်း RFA သတင်းထောက် မဝေမာထွန်း က တင်ပြပါလိမ့်မယ်။