ကျန်းမာရေး စေတနာ့ဝန်ထမ်းတွေ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခံရ

2021.03.03

ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်တွင်းမှာ ဆန္ဒပြနေတဲ့ ပြည်သူတွေ ထိခိုက်ဒဏ်ရတာကို ကူညီပေးနေတဲ့ မွန်မြတ်စိတ်ထား လူမှုကူညီရေးအသင်းယာဉ်ပေါ်က ကျန်းမာရေး စေတနာ့ဝန်ထမ်းတွေကို မတ်လ ၃ ရက်နေ့ ဒီကနေ့မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက် ရိုက်နှက်နေတဲ့ ဗီဒီယိုမှတ်တမ်းဖြစ်ပါတယ်။

သူတို့တွေကို သေနတ်ဒင်တွေ၊ နံပါတ်တုတ်တွေနဲ့ ကန်ကြောက်ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားသလို လူမှုကူညီရေးအသင်းယာဉ်ကိုလည်း ဖျတ်စီးခဲ့ပါတယ်။

မြောက်ဥက္ကလာပမြို့နယ်မှာ မတ်လ ၃ ရက်နေ့ ဒီနေ့ အကြမ်းဖက်ဖြိုခွင်းတာကြောင့် (ဇ) ရပ်ကွက်အတွင်း အဆုတ်ကို ထိမှန်လို့ ဆေးရုံပို့ဆောင်ပြီး ခွဲစိတ်ကုသရသူတစ်ဦးနဲ့ ရာဘာကျည်ထိမှန်သူ၊ ဖူးယောင်ဒဏ်ရာရသူ ၅ ဦးရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။