ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်က စစ်အာဏာရှင် ကန့်ကွက်ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဒီနေ့အင်အားသုံးပြီး အကြမ်းဖက်ဖြိုခွဲခဲ့ပါတယ်။ အဲဒီလိုဖြိုခွဲချိန်အတွင်း ဆန္ဒပြသူတချို့ဖမ်းဆီးခံရပြီး တချို့လည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။