NLD အစိုးရ လူမျိုးကြီးဝါဒ ကိုင်စွဲသလား
2019.10.11
မြန်မာအစိုးရဟာ ကရင့်အာဇာနည်ဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။ ကရင့်အာဇာနည်နေ့ ကျင်းပရေး ကြိုးပမ်းသူတချို့ကို ဖမ်းဆီးအရေးယူနေတဲ့အပြင် ပြစ်ဒဏ်သတ် မှတ်ရက်ထက် ပိုပြီး ထိန်းသိမ်းခံရသူတွေလည်း ရှိခဲ့ပါတယ်။
အဲဒါကြောင့် မကြာသေးခင်က လွတ်မြောက်လာတဲ့ ကရင့်အာဇာနည်နေ့ ဖြစ်မြောက်ရေး လှုပ်ရှားသူ နော်အုန်းလှက နိုင်ငံသားအခွင့်အရေး ထိခိုက်မှုနဲ့ အစိုးရကိုပြန်ပြီး တရားစွဲဖို့ ပြင်ဆင်နေပါပြီ။
တိုင်းရင်းသားတွေရဲ့ထောက်ခံအားပေးမှု ကျဆင်းနေတဲ့ NLD အစိုးရအနေနဲ့ လူမျိုးကြီးဝါဒ ကိုင်စွဲထားသလား ဆိုတာကလည်း မေးစရာဖြစ်နေတဲ့အကြောင်း RFA ဝိုင်းတော်သူ မခက်မာက တင်ပြထားပါတယ်။