NLD လွှတ်တော်ကိုယ်စားလှယ် တိုက်ခိုက်ခံရမှု
2015.10.31
အမျိုးသား ဒီမိုကရေစီအဖွဲချုပ်ရဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း- လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်းဟာ မနေ့ညက သာကေတမြို့နယ်မှာ မဲဆွယ်စည်းရုံးနေစဉ် ဓါးနဲ့ ခုတ်ခံရပြီး ရန်ကုန်ဆေးရုံးကြီးမှာ ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။ RFA သတင်းထောက် ကိုထက်အာကာက တင်ပြထားပါတယ်။