နိုင်ငံတဝှမ်းမှာရှိနေတဲ့ တရားမဝင်လောင်းကစားမှုတွေကို ထိထိရောက်ရောက် ဟန့်တားအရေးယူ ပေးဖို့ တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုယ်စားလှယ် ၁ဝ ဦးက ထောက်ခံ ဆွေးနွေးပြီး၊ ဒီကိစ္စ မှတ်တမ်းတင်စောင့်ကြည်ဖို့ လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။ တရားမဝင် လောင်းကစားမှုတွေကို ထိထိရောက်ရောက် အရေးယူမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဒီကနေ့ လွှတ်တော်မှာ ဖြေကြားပေမယ့် လက်တွေ့မှာ ထိရောက်မှုမရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ RFA သတင်းထောက် ကိုကျော်စိုးလင်းက တင်ပြထားပါတယ်။