ဦးခင်မောင်မြင့်နဲ့ တွေ့ဆုံမေးမြန်းချက်
2017.09.27
မောင်တောဒေသက ARSA အကြမ်းဖက်အဖွဲ့ဟာ မွတ်စလင်အသိုင်းအဝိုင်းကို ကိုယ်စားမပြုကြောင်း၊ မွတ်စလင် အသိုင်းအဝိုင်းအနေနဲ့ ကန့်ကွက်ရှုတ်ချကြောင်းနဲ့၊ တစ်ချိန်တည်းမှာပဲ တောတောင်တွေထဲမှာ ထွက်ပြေးပုန်းအောင်းနေကြရတဲ့ မွတ်စလင်တွေကို အစိုးရက ထိထိရောက်ရောက် အကူအညီပေးစေလိုကြောင်း အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ပြောလိုက်ပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်မြောက်ပိုင်းအခြေအနေနဲ့ ပတ်သက်ပြီး ဦးခင်မောင်မြင့်ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က စက်တင်ဘာလ ၂၂ ရက်နေ့က ရန်ကုန်မြို့မှာ တွေ့ဆုံမေးမြန်းထားပါတယ်။