ဦးတင်အေးနှင့် တွေ့ဆုံခြင်း
2015.08.31
နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိ သူစာရင်းတွေကို လာမယ့် စက်တင်ဘာ လလယ်လောက်မှာ ထုတ်ပြန် မှာဖြစ်ပြီး၊ မဲစာရင်းထဲမှာ မှားယွင်းနေတာတွေရှိရင်လည်း ပြင်ဆင်လို့ရသေးတဲ့အကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောပါ တယ်။ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမယ့် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ တွေ့ဆုံရာမှာ ဦးတင်အေး က ပြောလိုက်တာ ဖြစ်ပါတယ်။ ဦးတင်အေးကို RFA သတင်းထောက် ကိုကျော်သူက တွေ့ဆုံ မေးမြန်းထားပါတယ်။