မဖြိုးဖြိုးအောင်နဲ့ တွေ့ဆုံမေးမြန်းချက်
2016.11.29
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ကို နောင်မျိုးဆက်တွေက ဦးဆောင်နိုင်ဖို့အတွက်နဲ့ ကျောင်းသားထုအားလုံးပါဝင်တဲ့ ညီလာခံတစ်ရပ် ကျင်းပဖို့ ဗကသ အဖွဲ့က ကရင်ပြည်နယ် ဘားအံမြို့က တောရကျောင်းမှာ အစည်းအဝေး ကျင်းပနေပါတယ်။
အဲဒီအစည်းအဝေးကနေ ဗကသ ကို ဦးဆောင်မယ့် ခေါင်းဆောင်သစ်တွေကို ဒီကနေ့ ရွေးချယ်ပေးမှာဖြစ်ပါတယ်။
ဗကသ ခေါင်းဆောင်ဟောင်းထဲမှာပါဝင်တဲ့ မဖြိုးဖြိုးအောင်ကို RFA အဖွဲ့သား ဦးဝင်းနိုင် က တွေ့ဆုံမေးမြန်းထားပါတယ်။