ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကိုရိုနာကပ်ရောဂါကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ပြီး အပြင်ထွက်ခွင့် လက်မှတ်မပါဘဲ သွားလာနေသူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ဒဏ်ငွေရိုက်တာတွေကို အောက်တိုဘာလ ၇ ရက်နေ့က စတင်လုပ်ဆောင်နေပါတယ်။ ဖမ်းဆီး ဒဏ်ရိုက်ခံရသူတွေထဲမှာ အပြင်ထွက်ခွင့်လက်မှတ်ရဖို့ ကြိုးစားပေမယ့် မရဘဲ အပြင်ထွက်မိလို့ ဒဏ်ငွေပေးဆောင်ခဲ့ရသူတွေလည်း ရှိနေပါတယ်။