စစ်တွေမြို့က အပြင်ထွက်ခွင့် လက်မှတ် ပြဿနာ
နီမင်းထွန်း၊ မင်းသိန်းအောင်
2020.10.09
2020.10.09
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကိုရိုနာကပ်ရောဂါကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ပြီး အပြင်ထွက်ခွင့် လက်မှတ်မပါဘဲ သွားလာနေသူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ဒဏ်ငွေရိုက်တာတွေကို အောက်တိုဘာလ ၇ ရက်နေ့က စတင်လုပ်ဆောင်နေပါတယ်။ ဖမ်းဆီး ဒဏ်ရိုက်ခံရသူတွေထဲမှာ အပြင်ထွက်ခွင့်လက်မှတ်ရဖို့ ကြိုးစားပေမယ့် မရဘဲ အပြင်ထွက်မိလို့ ဒဏ်ငွေပေးဆောင်ခဲ့ရသူတွေလည်း ရှိနေပါတယ်။